(၁၂-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၂-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နှင့် ဇနီး ကောင်စီဝင်များနှင့်ဇနီးများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်

၂။ ယဇ်ပူဇော်ပွဲ ဆန်ဆန် ကြက်အရှင် ကိုက်ဖြတ်စားပြသည့် ကန္နားစီးကို အမြင့်ဆုံးဒဏ်အထိ အရေးယူ ဖွယ်ရှိ

၃။ တိုင်းနှင့် ပြည်နယ်အနှံ မေ (၁၈) ရက်အထိ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်

၄။ တပ်မတော်က ကမကထလုပ်ပြီး ကျင်းပသည့် ရွေးကောက်ပွဲသည် သမာသမတ် ကျမည်ဟု ယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌပြော

၅။ ဇနီးကို ရိုက်နှက်နှိပ်စက်မယ့် မြန်မာခင်ပွန်းကို ဇနီး၏အလုပ်ရှင်က ကာကွယ်ပေးရာမှ အလုပ်ရှင်သေဆုံးသွားသဖြင့် မြန်မာအမျိုးသားကို ဘတ် ၂၀၀၀၀ ဖြင့် ဖမ်းဝရမ်းထုတ်

၆။ ကျပ် ၁၇ ဘီလျံခွဲတန်ဖိုးရှိ မူးယစ်ဆေးပြား သိန်း ၃၅၀ ကို ဆာလာအိတ် ၁၇၅ အိတ်နဲ့ထည့်ပြီး နေအိမ်မှာသိုဝှက်ထားမှု ပြည်သူ့တိုင်တန်းမှုကြောင့် ဖမ်းမိ

၇။ ရည်းစားနဲ့ အဆင်မပြေလို ဆယ်ကျော်သက်အရွယ် လူငယ် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု မန္တလေးမှာ ဖြစ်ပွား

၈။ မေလ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၂၅ ကျပ်၊ Octane 95 – ၂၈၈၅ ကျပ်၊ Diesel – ၂၄၁၅ ကျပ်၊ Premium Diesel – ၂၉၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရင်ပြင်နီချီတက်ပွဲအပြီး ဥရောပခေါင်းဆောင်များ ကိဗ်ကိုဝင်ရောက်

၂။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား လစ်ဗျားသို ပို၍ ချုပ်နှောင်ထားရန် ထရမ့်အစိုးရ စီစဉ်

၃။ စစ်ပွဲကို ချက်ချင်းအဆုံးသတ်ဖို ပူတင်နဲ့ဇီလန်စကီးတိုကို ဒေါ်နယ်ထရမ့်ပြော

၄။ စင်ကာပူ ရီရှန်အသိုင်းအဝိုင်းထဲမှာ ရက်စက်စွာ သတ်ဖြတ်ခံထားရတဲ့ကြောင်တစ်ကောင် ရုပ်အလောင်းနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ကေရှန်မူဂန် ရှုတ်ချ

၅။ အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခကိုဖြေရှင်းရာမှာ ကူညီပေးလိုတယ်လို တရုတ်ပြော

၆။ အမေရိကန်နဲ့ လေးကြိမ်မြောက်နျူကလီးယားဆွေးနွေးပွဲကို လုပ်ဆောင်ဖို အီရန် သဘောတူ

အားကစားသတင်းများ

၁။ ယခုနှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမ ရွေးချယ်ခံထားရသည့် လူငယ် (၂၀၀)ဦးကျော် နောက်ဆုံးဇကာတင် ရွေးချယ်ပွဲပြုလုပ်မည်

၂။ ယူရိုပါလိဂ်ဖိုင်နယ်ရောက်ပီး အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုးနိမ့်သွားတဲ့ မန်ယူ

၃။ ရာသီသိမ်းဖို နှစ်ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွှချော်ဖွယ်ရှိနေတဲ့

၄။ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲအတွက် အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ နယူးကာဆယ်အသင်း

၅။ ရှုးပွဲတွေဆက်နေတဲ့စပါး အိမ်ကွင်းမှာလည်း ခရစ်စတယ်ပဲလေ့စ်ကို ဂိုးပြတ်ရှုးနိမ့်ခဲ့ရ

အနုပညာသတင်းများ

၁။ မွေးနေ့ကုသိုလ်အလှူအဖြစ် ပုဂံမှာ မောင်ရှင်လောင်း ၃၁ ပါးကို ရှင်ပြုအလှူ‌တော်မင်္ဂလာ ကျင်းပပေးခဲ့တဲ့ အကယ်ဒမီ မေမြင့်မိုရ်

၂။ ကိုယ်ယူမယ့် အမျိုးသမီးကို တာဝန်ယူနိုင်လား၊ စေတနာ ရှိနိုင်လား အဓိကတွေးပြီး အိမ်ထောင်ပြုသင့်တယ်ဆိုတဲ့ ကောင်းမြတ်စံ

၃။ ဆယ်တန်းပြီးတော့ မော်ဒယ်လ်ဖြစ်ချင်သွားပေမဲ့ ငယ်ငယ်ကတည်းက အနုပညာကို ချစ်တာပါ ဆိုတဲ့ ဒီး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
Next post (၁၂-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ