
(၂၃-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၃-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း
၂။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြိုနယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို တက်ရောက်
၃။ အခြေခံပညာကျောင်းများတွင် ယနေ့ စတင် ကျောင်းအပ်လက်ခံ
၄။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ နှင့်အဖွဲ တရုတ်နိုင်ငံသို သွားရောက်
၅။ အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကို ယနေ့နံနက်ပိုင်းက ပစ်ခတ်လုပ်ကြံနိုင်ခဲ့ဟု Golden Valley Warriors အဖွဲ ဝန်ခံ
၆။ ကျောက်ဆည်တွင်ဖြစ်ပွားသည့် မီးလောင်မှုအတွင်း အသက် (၉၀) ကျော်အရွယ် အဖွားတစ်ဦးနှင့် ဆရာမ (၃) ဦး သေဆုံးခဲ့
၇။ တောင်တွင်းကြီးမြိုနယ်တွင် PDF များက အပြစ်မဲ့ အရပ်သားနှစ်ဦးကို ဒလန်ဟုဆိုကာ သတ်ဖြတ်
၈။ မေလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၄၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၃၂၀ ကျပ်၊ Premium Diesel – ၂၈၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ယူကရိန်းက မော်စကို ကို ဦးတည်ပြီး ဒရုန်းလှိင်းတွေ တစ်လှိင်းပြီးတစ်လှိင်းလွှတ်
၂။ ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အီရန် ပါလီမန် အတည်ပြု
၃။ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံး
၄။ အစ္စရေးက အီရန်ရဲ့ နျူကလီးယားစက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားနိုင်တယ်လို CNN ဖော်ပြ
၅။ အမေရိကားလေတပ်၏ အန္တရာယ်အပေးနိုင်ဆုံး B-2 Spirit ကိုယ်ပျောက်လေယာဉ် အစင်းနှစ်ဆယ်သာကျန်ရှိ
၆။ ဂါဇာအပေါ် အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေက ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို ကာတာဝန်ကြီးချုပ် ပြော
အားကစားသတင်းများ
၁။ ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြိုနယ်အလိုက် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
၂။ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် စပါးအသင်းက မန်ယူကိုအနိုင်ယူပြီး အောင်ပွဲခံ
၃။ ဘာစီလိုနာ အသင်းတွင် လစာအများဆုံးရ ကစားသမား ဖြစ်လာရန် ယာမားလ် အလိုရှိ
၄။ စပါးအသင်းကို ပိုကောင်းအောင် တည်ဆောက်ရန်လိုဟု နည်းပြပိုစ်တီကိုဂလူပြော
၅။ မန်ယူ နည်းပြအသစ် လိုချင်ရင် နစ်နာကြေးမယူဘဲ နုတ်ထွက်မယ်လို အာမိုရင်မ် ပြော
အနုပညာသတင်းများ
၁။ ကိုယ့်ကလေးက လောကကြီးကို ကောင်းကျိုးမပြုနိုင်ရင်တောင် ဒုက္ခမပေးတဲ့ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်စေချင်တယ်ဆိုတဲ့ အလှမယ် အေးချမ်းမိုး
၂။ Miss Universe Myanmar 2025 ပြိုင်ပွဲဝင်တွေ စာနယ်ဇင်းမိတ်ဆက်
၃။ မမဆောင်းရဲ့ မွေးနေ့အမှတ်တရအဖြစ် လူအယောက် ၁၀၀၀ စာ စတုဒိသာအလှူနဲ့ အလှူငွေ ပေးအပ်လှူဒါန်း
၄။ တေဇလင်းရောင်က ဆော်ကြည်ဘဲပါဆိုတဲ့ သံသာညီ