
(၃၁-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃၁-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲခြင်းကို အလေးထားရန် နစကဥက္ကဋ္ဌပြော
၂။ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား လက်ခံတွေ့ဆုံ
၃။ ကြံခင်းမြိုနယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ဆက်လက်သင်ကြားနိုင်စေရေး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲများက နေအိမ်အရောက် ကွင်းဆင်းတွေ့ဆုံ အားပေး
၄။ ဟိုင်းကြီးကျွန်းမြိုရှိ ငွေတောင်ကမ်းခြေသို ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့
၅။ ကမ်းလွန်စီမံကိန်းအသစ်မင်းရဲသူအားလုပ်ကိုင်ရန် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ချုပ်ဆို
၆။ စေတုတ္တရာမြိုနယ်တွင် ဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘ စုစုပေါင်း (၉) ဦးကို အကြမ်းဖက်တွေ ဖမ်းဆီးသွား
၇။ ခရီးသည်တင် EXPRESS ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၅ ဦးထံမှ ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၈။ မေလ ၃၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၅ ကျပ်၊ Octane 95 – ၂၉၁၀ ကျပ်၊ Diesel – ၂၄၀၅ ကျပ်၊ Premium Diesel – ၂၉၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်ပြည်ထောင်စု၊ VOA သတင်းဌာနမှဆက်လက်ကျန်ရှိနေသည့် ဝန်ထမ်း ၈၀၀ ခန့်အား ယခု ရက်သတ္တပတ်အတွင်း အင်အားလျှော့ချဖွယ်ရှိ
၂။ ကိုယ့်သမီးကို ကိုယ်ပြန်ရောင်းစားတဲ့ အမေကို ထောင်ဒဏ်တစ်သက် ချမှတ်
၃။ ဒေါ်နယ်ထရမ့်ရဲ့ ဒုံးကျည်အကာအကွယ်အစီအစဉ်က အာကာသမှာ နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေနိုင်တယ်လို မြောက်ကိုရီးယားဝေဖန်
၄။ ထိုင်းနိုင်ငံတွင် ခုနစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၆၇,၀၀၀ ကျော်ရှိလာ
၅။ တောင်ကိုရီးယားရေတပ်၏ ကင်းလှည့်လေယာဉ် ပိုဟန်တွင် ပျက်ကျမှု ယမန်နေ့ နေ့လယ်ကဖြစ်ပွားခဲ့ပြီး လိုက်ပါလာသည့် ရေတပ်အရာရှိ လေးဦးစလုံး သေဆုံး
၆။ ဆွစ်ဇာလန်ရွာတစ်ခု၌ ရေခဲပြင်အပျက်အစီးများ ဖုံးလွှမ်း
အားကစားသတင်းများ
၁။ ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသည့် ကချင်ပြည်နယ်မှ မောင်မောင်စိုင်းအား အခမ်းအနားဖြင့် ဂုဏ်ပြု
၂။ 2025 China – Asean Cup ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း ယှဉ်ပြိုင်မည်
၃။ ဒုတိယအသုတ်အခမဲ့ နွေရာသီအခြေခံဘောလုံးနှင့် ဖူဆယ် သင်တန်းဆင်းပွဲပြုလုပ်
၄။ MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်း ထိပ်တို-က်တွေ့ဆုံမည်
၅။ China-Asean Cup 2025 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ တရုတ်နိုင်ငံသိုထွက်ခွာ
အနုပညာသတင်းများ
၁။ မန်ယူရှုးတိုင်း မန်ယူဖန်တွေကို သွား သွားမ,စကြပါနဲ့လိုဆိုလာတဲ့ စည်သူဝင်း
၂။ အမုန်းမြစ် ဇာတ်လမ်းတွဲမှာ မနွယ်ဆိုတဲ့ တအား စိတ်ပုတ်တဲ့ကာရိုက်တာမို ဝိုင်းဆဲတာခံနေရတယ် ဆိုတဲ့ ဆုထက်လှိင်
၃။ အေးချမ်းမောင်က သူငယ်ချင်းတွေနဲ့ဆို အရမ်းဂျီကျတတ်လို ကလေးတစ်ယောက်လိုကို အလိုလိုက်ရတာဆိုတဲ့ ထက်ထက်ထွန်း