FMI ကုမ္ပဏီ ဥက္ကဋ္ဌရာထူးမှ ဦးသိမ်းဝေ အနားယူ

ဦးသိမ်းဝေသည် FMI ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌရာထူးကို စက်တင်ဘာ ၅ ရက်တွင် အနားယူလိုက်ပြီဖြစ်ကြောင်း FMI ကုမ္ပဏီက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ဦးသိမ်းဝေသည် ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ ၁၂ရက်မှ စတင်ကာ ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခဲ့သူဖြစ်ပြီး ၂၀၂၄ခုနှစ် စက်တင်ဘာ ၅ရက်တွင် ကုမ္ပဏီ၏ ခေါင်းဆောင်ဆက်ခံ ဆောင်ရွက်မှု အစီအစဉ်များအရ ရာထူးမှ အနားယူခဲ့ခြင်းဖြစ်သည်ဟု FMI ကုမ္ပဏီက ဆိုသည်။

ထို့ကြောင့် FMI ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် နှင့် အမှုဆောင်ဒါရိုက်တာ ရာထူးကို ယခင်က CFO (Chief financial officer) ဖြစ်သူ ဦးထွန်းထွန်းက ဆက်လက်တာဝန်ယူမည်ဟု ကုမ္ပဏီက ထုတ်ပြန်သည်။ ထိုနည်းတူ FMI ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် ဦးထွန်းထွန်း၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးသန်းအောင်၊ ဦးကြည်အေး၊ ဦးလင်းမြိုင် အစရှိသူတို့ဖြင့် ဖွဲ့စည်းထားသည်ကို ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဦးသိမ်းဝေသည် Yoma Strategic Holdings Ltd. အမှုဆောင်ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက် ထားပြီး ၎င်း၏ နေရာတွင် အကြီးဆုံးသားဖြစ်သူ မယ်လ်ဗင်ပန်းက အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌရာထူးကို ပူးတွဲတာဝန် ယူထားသည်။ FMI ကုမ္ပဏီ အုပ်စုသည် ငွေကြေး ဝန်ဆောင်မှု၊ အိမ်ခြံမြေနှင့် ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍတို့တွင် အဓိက လုပ်ဆောင်လျက်ရှိပြီး ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့လုပ်ကိုင်လျက်ရှိကာ ၂ဝ၁၆ ခုနှစ်က ရန်ကုန် စတော့အိတ်ချိန်း၌ ပထမဆုံး စာရင်းဝင်သည့်ကုမ္ပဏီ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေးနှင့် ထားဝယ်တွင် KNU/PDFများမှ Droneများ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ
Next post အချစ်ဒရာမာ သရဲကားပုံစံ “အချစ်ကမီးလိုပဲ” ဇာတ်လမ်းတွဲ Press Show ကျင်းပ