ရေးနှင့် ထားဝယ်တွင် KNU/PDFများမှ Droneများ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တို့တွင် အကြမ်းဖက်သမားများမှ Droneများ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ လွီရာမစက်သုံးဆီဆိုင်အနီးသို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးမြင့်နိုင် (၅၃) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သံဖြူဇရပ် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရဿည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း စိန်ပြောင်းဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ကိုအောင်ကိုဖြိုး (၂၃)နှစ်၊ ဦးကျော်လွင် (၆၆)နှစ်၊ ဦးဉာဏ်စိုး (၄၅)နှစ်နှင့် ဒေါ်ခင်သန္တာအောင် (၃၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ အမှတ်(၁၂) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post FMI ကုမ္ပဏီ ဥက္ကဋ္ဌရာထူးမှ ဦးသိမ်းဝေ အနားယူ