အချစ်ဒရာမာ သရဲကားပုံစံ “အချစ်ကမီးလိုပဲ” ဇာတ်လမ်းတွဲ Press Show ကျင်းပ

အချစ် ဒရာမာ သရဲကားပုံစံ “ အချစ်က မီးလိုပဲ” ဇာတ်လမ်းတွဲ Press Show ကို ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲမှာ ပရိသတ်မထင်မှတ်ထားတဲ့ ဗန့်ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီကားမှာ မ‌အေးမြတ်သူအပေါ်မှာ ကောက်ကျစ်တဲ့သူပေါ့။ ဒီကားလေးမှာ ပရိသတ်တွေကို ရသစုံပါအောင် အချစ်ဒရာမာကိုမှ နောက်ပိုင်းလေးမှာ Horror ဇာတ်လေးနဲ့နှောပြီး ဖန်တီးထားကြမှာပါ ” လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ခွန်သာချိုက ရေးသားထားပြီးတော့ ဒါရိုက်တာကိုသောင်းက သရုပ်ဆောင် တွေဖြစ်တဲ့ ခွန်သာချို၊ ခိုင်နိုး၊ အကယ်ဒမီ အေးမြတ်သူ၊ သံစဥ်မိုးထက်၊ အကယ်ဒမီ ခင်မို့မို့အေး၊ အကယ်ဒမီ ဝါဝါအောင်နဲ့ တခြား အနုပညာရှင်တွေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

အပိုင်း (၉) ပိုင်းပါဝင်မယ့် “အချစ်ကမီးလိုပဲ” ဇာတ်လမ်းတွဲကို Fortune TV Channel မှာ စက်တင်ဘာ ၉ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post FMI ကုမ္ပဏီ ဥက္ကဋ္ဌရာထူးမှ ဦးသိမ်းဝေ အနားယူ
Next post (၈-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်