ကျိုက်ထိုမြို့အတွင်း မျောက်ကျောက် ရောဂါ သံသယလူနာ ၏ ကနဦး ဓါတ်ခွဲခန်းရလာဒ် Negative

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မျောက်ကျောက်ရောဂါ(M pox) သံသယလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ စက်တင်ဘာလ(၅)ရက်တွင် အသိပေးထုတ်ပြန်ထားပါတယ်။ သံသယလူနာတစ်ဦး တွေ့ရှိမှုမှာ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်းတွင် ဘားအံမြို့မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ရွှေမြန်မာခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၃၄) ဦးအနက်မှ အဆိုပါ သံသယလူနာ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယင်းအမျိုးသားမှာ အသက် (၄၅)နှစ်အရွယ် ဦးတင်မြင့်ဆိုသူဖြစ်ပြီး၊ ပြည်မြို့အတွင်း ကျောက်ခြံရွာတွင်နေထိုင်သူ ဖြစ်တယ် လို့ဆိုပါတယ်။ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ” မြို့ခံများ၏ စတင်သတင်းပေးပို့မှု တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန် ယူမှု လူမှုရေးအသင်း၏ကူညီဆောင်ရွက်ပေးမှုဖြင့် သံသယဖြစ်ဖွယ်ရောဂါဆိုးတစ်ခုအတွက် သံသယမကင်းဖြစ်မှုကို အဖြေ ရှာဖို့ ကျန်းမာရေးဝန်ထမ်းများကကြိုးစားဆောင်ရွက်ခဲ့ကြတယ် မကြာမှီအချိန်အတွင်းမှာ သံသယအဖြေကို အသိပေးတင်ပြ ပေးပါမည်” ဟု အသိပေးထားပါတယ်။

လက်ရှိတွင် အဆိုပါ သံသယလူနာအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိရာမှ ကနဦး ဓါတ်ခွဲခန်း စစ်ချက် Negative ကြောင်း သိရပါတယ်။အခြားနည်းများဖြင့်လည်း စစ်​ဆေးရဦးမည်ဖြစ်သည်ဟုတာဝန်ရှိသူတို့ကပြောပါတယ်။ လူနာ၏ ကိုယ်ခံအားကျပြီး ဖြစ်​နေသည့်အ​ရေပြား ​ရောဂါ ကို ​ဆေးရုံက ဆက်လက်ကုသ​ပေးသွားမည်ဖြစ်ကြောင်း သိရပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တာမွေအဝိုင်းထိပ် Ocean ရှေ့ ခါးလယ်အထိ ရေမြုပ်နေပြီး ယာဥ်ကြောပိတ်ဆို့မှု လက်ရှိအချိန်အထိ ဖြစ်ပွားနေ
Next post ပထမဦးဆုံးအိမ်ထောင်ရေး ဟဲဗီးဒရာမာ “မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲမှာ အကောင်းဆုံး ကြိုးစားထားတယ် ဆိုတဲ့ အောင်ရဲလင်း