တာမွေအဝိုင်းထိပ် Ocean ရှေ့ ခါးလယ်အထိ ရေမြုပ်နေပြီး ယာဥ်ကြောပိတ်ဆို့မှု လက်ရှိအချိန်အထိ ဖြစ်ပွားနေ

ရန်ကုန်မြို့လယ်နီးနီး အချက်အခြာကျပြီး ယာဥ်သွားလာမှုများပြားတဲ့ တာမွေအဝိုင်းထိပ် Ocean စူပါစင်တာ (City Mall Tamwe) ရှေ့မှာ ခါးလယ်အထိ ရေမြုပ်နေတာလို့ သိရပါတယ်။ ရေကြီးရေလျှံမှုဟာ Ocean ရှေ့ကနေ ဗိုလ်စိန်မှန် ကွင်းနားအထိ မြုပ်နေတာဖြစ်ပြီး အနက်ဆုံးနေရာက ယောကျ်ားတစ်ယောက်ရဲ့ ခါးလယ် လေးပေနီးပါးအထိ နစ်မြုပ် နေတာကြောင့် တာမွေအဝိုင်းထိပ် မီးပွိုင့်တည့်တည့်နဲ့ ဗိုလ်စိန်မှန်ထိပ်မှာ ကားတွေပိတ်နေတယ်လို့ သိရပါတယ်။

“ရေက ခါးလယ်ကျော်ကျော်လောက်ပဲ။ အခုအချိန်အထိ ပြန်မကျသေးဘူး”လို့ ဗိုလ်စိန်မှန်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီကနေ့ တစ်နေ့လယ်လုံး မိုးသည်းနေတော့ လေးနာရီကျော် ငါးနာရီကတည်းက ရေတက်လာပြီး ကားတွေ သွားမရဖြစ်ကုန်တာလို့ သိရပါတယ်။ လက်ရှိမှာ စည်ပင်ဝန်ထမ်းတွေကလည်း ရေမြောင်းပိတ်ဆို့မှုတွေဖော်ပြီး ရေပြန်ကျဖို့ ကြိုးစားနေပေမဲ့ ၆ နာရီခွဲအချိန်အထိတော့ ရေပြန်မကျသေးပါဘူးလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ကျိုက်ထိုမြို့အတွင်း မျောက်ကျောက် ရောဂါ သံသယလူနာ ၏ ကနဦး ဓါတ်ခွဲခန်းရလာဒ် Negative