ကယားပြည်နယ်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောဆို

လွိင်ကော်မြိုနှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကယားပြည်နယ်အား ပုံမှန်အခြေအနေသို အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယမန်နေ့ နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိင်ကော်) နယ်မြေအတွင်း နယ်မြေ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှုများကို စစ်ဆေးစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၁ ခုနှစ်မှစတင်၍ လွိင်ကော်ဒေသအတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် လွိင်ကော်ဒေသတိုတွင် တိုက်ပွဲများတစ်ချိန်တည်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအနေဖြင့် ကြံ့ကြံ့ခံ၍ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တိုတာဝန်အရေးသုံးပါးကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောသည်။

လွိင်ကော်မြိုနှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကယားပြည်နယ်အား ပုံမှန်အခြေအနေသို အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွေးနေ့မှာ သီချင်းအသစ်ထွက်မည့် သရုပ်ဆောင် မယ်လိုဒီ
Next post (၅-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ