မွေးနေ့မှာ သီချင်းအသစ်ထွက်မည့် သရုပ်ဆောင် မယ်လိုဒီ

စက်တင်ဘာလ ၆ ရက်နေ့က သရုပ်ဆောင် မယ်လိုဒီရဲ့ မွေးနေ့ဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ အရက်စက်ဆုံးအနမ်း ရုပ်ရှင်လည်းရုံတင်ပြသမှာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ ထာဝရအလင်းတန်းများရုပ်ရှင်နဲ့ ရုပ်ရှင်အကယ်ဒမီ အမျိုးသမီး ဇာတ်ဆောင်ဆုရခဲ့တဲ့ မယ်လိုဒီ က အရက်စက်ဆုံး အနမ်းမှာတော့ ဇာတ်ပို့နေရာက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အသက်၂၅နှစ်အရွယ်မှာ အနုပညာအလုပ်တွေစတင်လုပ်ခဲ့ပြီး ခုအချိန်မှာတော့ အနုပညာထူးချွန်ဆုတစ်ဆု သားချောလေး တစ်ယောက်ပိုင်ဆိုင်ထားတဲ့ နုပျိုလှပနေဆဲ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

ယခင်က သီချင်းတွေဆိုခဲ့ဖူးပေမယ့် ယခုတစ်ဖန်ပြန်လျှောက်ဖြစ်တဲ့ အနုပညာလမ်းမှာ တေးသီချင်းဝယ်ယူ သီဆိုရိုက်ကူးမှု တွေကိုပါ သေသေချာချာပြင်ဆင်ရိုက်ကူးထုတ်လုပ်လာသူတစ်ယောက်လည်းဖြစ်ပြီး စက်တင်ဘာ ၆ ရက်နေ့မှာ တေးရေး သိန်းလင်းစိုး ရေးထားပြီးမယ်လိုဒီ ကိုယ်တိုင် သီဆိုသရုပ်ဆောင်ထားကာ ဒါရိုက်ဝင်းလွင်ထက် ရိုက်ကူးပေးထားတဲ့ မင်းပျော်လား MV လည်းထွက်ရှိလာမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅.၉.၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ကယားပြည်နယ်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောဆို