အင်းလေး ဖောင်တော်ဦးဘုရားရင်ပြင် အထိ ရေဝင်ရောက်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေမြင့်တက်လာမှုကြောင့် ဖောင်တော်ဦးဘုရား ရင်ပြင်အထိ ရေဝင်ရောက်နေကြောင်း အင်းလေးဒေသခံများထံမှ သိရသည်။ အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား နတ်မင်းကြီး ၄ ပါး ရုပ်ထုအထိ ရေဝင်ရောက်နေပြီး ဘုရားဈေးသည်များ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“အခု ရေကတော်တော်တက်နေတာ။ ရေက ထပ်ထပ်တိုးလာတာ။ မိုးရွာတော့ တောင်ပိုင်းဘက်ကရေတွေ ထိုးဆင်းလာတာ။ အခု ဘုရားရင်ပြင်ပေါ်က ပျံကျဈေးသည်အများစု ဈေးရောင်းဖို့ခက်ခဲလာတယ်။ တချို့ဆိုင်တွေ ယာယီပိတ်ထားရတယ်။ ဖောင်တော်ဦးဘုရား လှေဆိပ်ကိုလည်း ထပ်မံမြှင့်တင်ထားရတယ်။” ဟု ဒေသခံတစ်ဦး က ပြောသည်။ ထိုသို့ ကန်ရေမြင့် တက်လာသည့် နောက်ဆက်တွဲအနေဖြင့် ဖောင်တော်ဦးဘုရားအနီးက ကျေးရွာများတွင်လည်း အိမ်အောက်ထပ်များ၊ ကုန်းနိမ့်ပိုင်းအိမ်များ ရေများဝင်ရောက်နေခြင်းကြောင့် အချို့မိသားစုများမှာ တစ်စုနှင့်တစ် စုပေါင်းစပ်နေ နေရကြောင်း သိရသည်။

အင်းလေးဒေသတွင် ၂၀၀၅ ခုနှစ်က စံချိန်တင်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်ကလည်း ဘုရားရင်ပြင်ပေါ်အထိ ရေများ ဝင်ရောက် ခဲ့ပြီး ယခုတစ်ကြိမ်တွင် စံချိန်လိုက်မီရန် လက်မအနည်းငယ်သာလိုတော့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အနုပညာသမားများ ပါဝင်လှူဒါန်းနေ
Next post (၅.၉.၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်