၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အနုပညာသမားများ ပါဝင်လှူဒါန်းနေ

လာမယ့် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် အနုပညာလောကသားတွေက မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး (ဗဟို)မှာ လာရောက် လှူဒါန်းမှုတွေ လုပ်ဆောင်နေလျှက်ရှိပါတယ်။

သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၁၀၄ နှစ်မြောက်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကတော့ ၄၆ ကြိမ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အကန်တော့ခံသက်ကြီး ၁၈၀ နီးပါးကိုလည်း ကန်တော့ခဲ့ တာလည်း ဖြစ်ပါတယ်။ အကန်တော့ခံသက်ကြီးတွေ အနေနဲ့ အသက် ၇၀ နှစ်အထက် ဖြစ်ရမှာဖြစ်ပြီး အနုပညာလုပ် သက်တမ်း အနှစ် ၂၀ ရှိသူမှသာ ကန်တော့ခံစာရင်းဝင်တာလည်း ဖြစ်ပါတယ်။

အဆိုပါ သက်ကြီးပူဇော်ပွဲအတွက် အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်က ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၁၀ သိန်း၊ အကယ်ဒမီခန့်စည်သူက ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၃ သိန်း၊ သရုပ်ဆောင် မမဆောင်းက ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် အောင်ခိုင်နဲ့ ဝါဝါအောင်တို့က ကျပ် ၁ သိန်း၊ သရုပ်ဆောင် အေးချမ်းမိုးက ကျပ် ၁ သိန်း၊ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ကျပ် ၅ သောင်း၊ ဒဂုံလီမွန်တီးက လီမွန်တီး အချိုရည် ၁၉၂ ဘူးစာ ကျပ် ၁ သိန်းကျော်၊ တောင်ဥက္ကလာပ မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ကျပ် ၁ သိန်း၊ ဦးကြည်ဝင်း ဒေါ် အေးအေးလှိုင်မိသားစု (ဆန္ဒမွန်ဆေးတိုက်) နဲ့ တမာယားနာ ပျောက်ဆေးတို့က ကျပ် ၄ သိန်း ၆ သောင်း ၊ စိန်ဘယက် တိုင်းရင်းဆေး ၄ မျိုး ကျပ် ၂ သိန်းကျော်၊ ရွှေမြင်းတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးက ကျပ် ၁ သိန်းခွဲ ၊ ဇာပျံလေးကတိုးလျှက်ဆားက လျှက်ဆားဘူး ၂၀၀ ၊ ဖြူစင်မေတ္တာဆေးတိုက်က နှလုံးရောဂါကုတိုင်းရင်းဆေးဝါး၊ တောင်ဥက္ကလာပမြို့နယ်က Star World ကာရာအိုကေက ကျပ် ၂ သိန်း စသလို ပါဝင် လှူဒါန်းနေလျှက်ရှိပါတယ်။

ယခင်နှစ်တွေမှာ မြန်မာ့ရုပ်ရှင်နေ့ နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ ရန်ကုန်မြို ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး (ဗဟို) နဲ့ နှင်းဆီကုန်းဘိုးဘွား ရိပ်သာတို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာ လည်းဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကိုတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အင်းလေး ဖောင်တော်ဦးဘုရားရင်ပြင် အထိ ရေဝင်ရောက်နေ