အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံ လွှဲအပ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံလွှဲအပ်ကြောင်း ယနေ့(ဇူလိုင် ၂၂ ရက်)တွင် ထုတ်ပြန်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရကြောင်း ၊ ထိုသို့သော ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက် နေစဉ်နှင့် ယာယီသမ္မတတာဝန်လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ အကြောင်း ကြားစာပေးပို့လာခဲ့ကြောင်း သိရသည်။

ထိုသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီ ခွဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မြို့ ၁၉ လမ်းရှိ Bar တစ်ခုတွင် ပေါက်ကွဲမှုဖြစ်
Next post (၂၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်