(၂၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ကုန်စည်ပြပွဲများ တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ တရုတ်ကို သွားရောက်

၂။ လယ်ဝေးမြိုနယ်အတွင်း ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သူများကို ဖမ်းမိခဲ့ဟု နစကထုတ်ပြန်

၃။ အကြမ်းဖက်မှုကိုအားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကိုထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပျက်စီးစေကြောင်း USDP ပြောရေးဆိုခွင့်ရှိသူပြောကြား

၄။ ပုဂံယဉ်ကျေးမှုဒေသနှင့် လိုက်ဖက်ညီသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆွဲဆောင်မှုကြောင့် ယခုနှစ်တွင် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထား

၅။ လွန်ခဲ့သော ၇ နှစ်နီးပါးက မြန်မာလူငယ် ဒုက္ခသည်ကို ပစ်သတ်ခဲ့သူအား အမေရိကန်ရဲတပ်ဖွဲ ဖမ်းမိ

၆။ နိုင်ငံခြားသားများ အမြဲ လာရောက်စားသုံးလေ့ရှိသော ကမ္ဘာကျော် တရုတ်တန်းကို Urban Special Ranger Force PDF အဖွဲ ဗုံးခွဲ၊ အနည်းဆုံး လူ ၂ ဦး ထိခိုက်

၇။ မြစ်သားမြိုနယ်မှာ အုပ်ချုပ်ရေးမှူး အာမခံပေးလို လွတ်လာတဲ့ PDF က အဆိုပါ အုပ်ချုပ်ရေးမှူး လင်မယားကို ပြန်သတ်

၈။ ဇူလိုင်လ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၃၃,၈၀၇ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၈၅ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၄၁၅ ကျပ်၊ Premium Diesel – ၂၈၃၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန် သမ္မတရွေးကောက်ပွဲကို ဝင်မပြိုင်တော့ကြောင်း ဘိုင်ဒင် ပြောကြား

၂။ လူအသေအပျောက်ရှိပြီး မငြိမ်သက်မှုတွေပေါ်ပေါက်စေခဲ့သော ဝန်ထမ်းအလုပ်အကိုင်ချထားမှု ခွဲတမ်းနေရာအများစုကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ် ပယ်ဖျက်

၃။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးမည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးအား ကတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ပြောကြား

၄။ ထိုင်ဝမ်နိုင်ငံဟာ ကာကွယ်ရေးအတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးရမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးသစ် ပြော

၅။ အိမ်နီးချင်းယီမင် ဟူသီတိုကို အစ္စရေးစစ်လေယာဉ်များက တိုက်ခိုက်မှုတွင် မိမိတိုပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆော်ဒီနိုင်ငံ ငြင်းဆို

၆။ အစ္စရေးရဲ့တာဝေးပစ်လက်နက်တွေက ဘယ်နေရာမှာမဆိုရှိတဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်တယ်လို ဝန်ကြီးချုပ်နေတန်ရာဟု ပြော

အားကစားသတင်းများ

၁။ မွန်တိုင်းရင်းသားဖိုက်တာ ပုညစိုင်း အိန္ဒိယဖိုက်တာကို အလဲထိုးအနိုင်ယူ

၂။ ယမန်နေ့က ဒုတိယအကျော့ Week-9 အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြန်လည် စတင်ခဲ့

၃။ တိုက်စစ်မှူး သန်းပိုင်ကို ကန်ချနာဘူရီပါဝါအက်ဖ်စီအသင်းက ခေါ်ယူ

၄။ ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ONE နှင့် ဒေါ်လာတစ်သိန်းတန်စာချုပ် အပြီးသတ်ချုပ်ဆို

၅။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ပဲရစ်အိုလံပစ် ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံသို ထွက်ခွာ

အနုပညာသတင်းများ

၁။ ကျေးဇူးရှင် ဖခင်ကြီးကို ရည်စူးပြီး သံဃာတော်အရှင်သူမြတ် ၄၄၅ ပါးကို ဝါဆိုသင်္ကန်း၊ နေ့ဆွမ်းနဲ့ လှူဖွယ်တွေ ဆက်ကပ်လှူဒါန်းခဲ့တဲ့ မန္တလေးသိန်းဇော်

၂။ သောက်တာများတဲ့အခါ အစာအိမ်သိပ်မကောင်းတော့ ဆရာတိုနဲ့အမြဲတိုင်ပင်ဖြစ်တယ်ဆိုတဲ့ ဇေယျ

၃။ ၁၂/ မဖောက်ပြန်ရမနေနိုင် ဖြစ်နေလား ပြန်သုံးသပ် ကိုယ့်မှတ်ပုံတင်က အဲဒီလိုဖြစ်နေရင် အဆင်မပြေဘူးဆိုတဲ့ စာရေးဆရာမ ဒေါက်တာ စိမ့်စမ်းဖြူ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံ လွှဲအပ်
Next post လက်ရှိဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်း မုန်တိုင်းကြောင့် မြန်မာပြည်တွင် နေရာကွက်၍ မိုးကြီးနိုင်