နစက ဥက္ကဋ္ဌအား ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့် လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူး Group Captain Jumphol Chantakamma တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များနှင့် ချစ်ကြည်ရေး အားကစားအဖွဲ့များ
အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများ၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Universe 2023 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အမရာဗိုလ် ယနေ့ ပြန်လည်ရောက်ရှိ
Next post စစ်မှုထမ်းရတော့မှာကြောင့်စာလေးရေးပြီးနှုတ်ဆက်ခဲ့တဲ့ Jungkook