Miss Universe 2023 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အမရာဗိုလ် ယနေ့ ပြန်လည်ရောက်ရှိ

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ၇၂ ကြိမ်မြောက် မယ်စကြာဝဠာ Miss Universe 2023 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြုအလှမယ် အမရာဗိုလ်ဟာ ဒီနေ့ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

“မြန်မာပြည်ကို ပြန်ရောက်လာတော့ အရမ်းပျော်တယ်။ ကိုယ့်မြေ ကိုယ်ရေကို ပြန်ရောက်လာတဲ့ခံစားချက်က ဘယ်လိုပြောရမလဲ။ အရမ်းပျော်တယ်။ ဆု မယူပေးခဲ့နိုင်ပေမယ့် အမရာ ကိုယ့်နိုင်ငံ မျက်နှာမငယ်အောင် ကြိုးစားပေးနိုင်ခဲ့တယ်။ နိုင်ငံ ၈၀ ထဲကမှ အယောက် ၂၀ ပဲ ရွေးတာဆိုတော့ အမရာမှ မဟုတ်ဘူး အရမ်းကို Supporting ကောင်းတဲ့ နိုင်ငံတွေတောင် မပါခဲ့တာတွေရှိတယ်။ အမရာ အများကြီး ကြိုးစားခဲ့တာ အမရာ အသိဆုံးပါ။ အမရာကို ချစ်ပေးတဲ့ Fan တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အမရာဗိုက ပြောပါတယ်။

“အမရာ ဆုမရခဲ့ပေမယ့် အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုလည်း အများကြီး မြင်ခဲ့တယ်။ ဝေဖန်မှုတွေရှိပေမယ့် အမရာအကောင်းဆုံးကြိုးစားခဲ့တယ်။ တခြား အမရာလို နောက်သွားပြိုင်မယ့် အလှမယ် တွေကိုလည်း ကိုယ်သိရခဲ့တဲ့ အသိတွေ၊ အတွေ့အကြုံတွေကို ပြန်ပြီး ဝေမျှပေးသွားဖို့ အသင့်ပါပဲ ” လို့ သူမက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ Miss Universe Myanmar 2023 အလှမယ် အမရာဗိုလ်ကို သူမရဲ့ ပရိသတ်တွေက လက်ဆောင်ပစ္စည်းတွေ ပန်းစည်းတွေအပြင် ဆိုင်းဘုတ်တွေနဲ့ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မူဆယ်၊ ကျင်စန်းကျော့ဂိတ် ကို မြောက်ပိုင်းမဟာမိတ် အကြမ်းဖက်အဖွဲ့များက ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်
Next post နစက ဥက္ကဋ္ဌအား ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ