အကြမ်းဖက်များ ပစ်ချလိုက်သော drop bomb နမ့်ဟွယ် ဘုန်းကြီးကျောင်းထဲ ကျ‌ရောက်ပေါက်ကွဲ

မူဆယ်မြို့နယ် ၁၀၅ မိုင် ဗျူဟာကုန်းသို့ အကြမ်းဖက်များက drop bomb ဖြင့် လာချစဉ် တပ်မတော်မှ ပြန်လည်ပစ်ခတ်ရာ drop bomb ချရန် အခွင့်မသာတော့သဖြင့် အောက်နမ့်ဟွယ်ရွာရှိ နမ့်ဟွယ်မိဘမဲ့ဘုန်းကြီးကျောင်းတိုက်အတွင်း ချရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းတည့်အချိန်တွင် အကြမ်းဖက်များသည် ၁၀၅ မိုင်တပ်စခန်းသို့ drop bomb ဖြင့်လာရောက်ပစ်ခတ်စဉ် ပြန်လည်ပစ်ခတ်မှုကြောင့် အခွင့်မသာတော့ဖြင့် ဆုတ်ခွာစဉ် drop bomb ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီး ၁ ပါး ပေါင်နှစ်ဖက်လုံးတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကား(၃)စီးနှင့် ကျောင်းအဆောက်အဦး (၃)လုံး ထိမှန်ပျက်စီးခဲ့သည်။

အလားတူ ဖြစ်စဉ်မျိုး ယနေ့မနက်ပိုင်းက နမ့်ခမ်းမြို၊ မန်လုံကျေးရွာအတွင်း ဖြစ်ပွားခဲ့တယ်လို့ ဒေသအတွင်းမှ သတင်း ရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းစီးပွားရေးအားနည်းချက်ကြောင့် ထိုင်းနိုင်ငံသားတွေ နိုင်ငံခြားမှာအလုပ်သွားလုပ်ကြရတာလို့ ဝန်ကြီးချုပ် ပြော
Next post ကိုးကန့်အဖွဲ့က ဖမ်းသွားတဲ့ ကိုရင် ၄ ပါးကို လူဝတ်လဲကာ သောင်းကျန်းသူအဖွဲ့ထဲထည့်