ထိုင်းစီးပွားရေးအားနည်းချက်ကြောင့် ထိုင်းနိုင်ငံသားတွေ နိုင်ငံခြားမှာအလုပ်သွားလုပ်ကြရတာလို့ ဝန်ကြီးချုပ် ပြော

ထိုင်းလုပ်သားတွေ ထိုင်းနိုင်ငံကနေ အစ္စရေးနိုင်ငံကို ပြန်လည်ထွက်ခွာသွားကြမှာ စိုးရိမ်ပူပန်မိကြောင်း ထိုင်း ဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။ ထိုင်းလုပ်သားတွေ အစ္စရေးကို ပြန်သွားချင်တယ်ဆိုတာဟာ ထိုင်းနိုင်ငံ ရဲ့စီးပွားရေးပြဿနာတွေကနေ ဆင်းသက်လာတာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက MRT Pink Line (မြို့ပြအမြန် ပို့ဆောင်ရေး စရိတ်သက်သာ ရထားလမ်း) ရထားလမ်းစမ်းသပ်ပြေးဆွဲမှုဖွင့်ပွဲအပြီး ပြုလုပ်ခဲတဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

တိုင်းပြည်မှာ စီးပွားရေးကောင်းနေရင် ဘာ့ကြောင့် သူတို့သွားလိမ့်မလဲဗျာ။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အစ္စရေးမှာအလုပ်လုပ်ရတာ အန္တရာယ်များပါတယ်။ မှန်တာပေါ့ဗျာ အစိုးရက သူတို့ကိုတားပိုင်ခွင့်မရှိ ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဘေးကင်းလုံခြုံစွာနေထိုင်ဖို့ တိုက်တွန်းပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ထိုင်းလုပ်သားတွေ မိသားစုကိုထောက်ပံ့ဖို့အတွက် နိုင်ငံခြားထွက်ပြီး စွန့်စွန့်စားစား ငွေမရှာရအောင် အစိုးရက ထိုင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဆရက်ထာက ဆက်လက်ပြောကြားပါတယ်။ မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေအပါအဝင် ဆေးရုံတစ်ခုအတွင်း ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားတဲ့ဓားစာခံပုံတွေပါတဲ့ ဗီဒီယိုကလစ်တစ်ခုနဲ့ ပတ်သက်ပြီးပြောကြားရာမှာ “ပြည်တွင်းလုံခြုံရေးနဲ့ပတ် သက်တဲ့ကိစ္စတွေကို ၎င်းအနေနဲ့ ထုတ်ဖော်ပြောကြားဖို့ ဆန္ဒမရှိပေမဲ့ ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာရှိနေကြောင်း လုံခြုံရေးအရာရှိတွေအပါအဝင် သတင်းရင်းမြစ်ပေါင်းများစွာက ၎င်းကိုပြောကြားခဲ့ကြောင်း” ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ပြောကြားချက်တွေဟာ ထိုင်းစီးပွားရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်ပေါ်လွင်စေ ပါတယ်။ ထိုင်းလုပ်သားတွေ အစ္စရေးနိုင်ငံကို ပြန်သွားတာဟာ ထိုင်းနိုင်ငံတွင်းမှာ ၎င်းတို့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် လုံလောက်တဲ့အခွင့်အလမ်းတွေကို ထိုင်းစီးပွားရေးက မဖန်တီးပေးနိုင်ဘူးဆိုတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ စီးပွားရေးကောင်းမွန်လာဖို့ အစိုးရရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေထဲမှာ စရိတ်သက်သာရထားလိုင်း MRT Pink Line စီမံချက်လို အခြေခံအဆောက်အအုံတွေထဲမှာ ရင်းနှီးမြှုပ်နှံတာတွေ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ငန်း တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီကြိုးပမ်းမှုတွေ အသီးအပွင့်ပေါ်ထွက်လာဖို့က အချိန်ယူစောင့်ဆိုင်းရဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ တပြိုင်တည်းမှာပဲ အစ္စရေးကို ပြန်သွားပြီး အလုပ်လုပ်ကိုင်ကြမယ့် ထိုင်းလုပ်သားတွေကို သတိဝီရိယနဲ့နေထိုင် ကြဖို့ ထိုင်းအစိုးရက တိုက်တွန်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Luxury Hub ဆိုင်ဖွင့်ပွဲမှာ Idol ကို‌ရွှေထူး နဲ့ ပွဲတက်ခဲ့တယ် လို့ ဖော်ပြလာသော ရွှေမှုန်ရတီ
Next post အကြမ်းဖက်များ ပစ်ချလိုက်သော drop bomb နမ့်ဟွယ် ဘုန်းကြီးကျောင်းထဲ ကျ‌ရောက်ပေါက်ကွဲ