Luxury Hub ဆိုင်ဖွင့်ပွဲမှာ Idol ကို‌ရွှေထူး နဲ့ ပွဲတက်ခဲ့တယ် လို့ ဖော်ပြလာသော ရွှေမှုန်ရတီ

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ……အနုပညာလောကမှာ နာမည်ကြီးတဲ့ ဇနီးမောင်နှံများထဲ ပါဝင်သော ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ ဇနီးမောင်နှံကတော့ မကြာသေးမီက ပြုလုပ်သော အကယ်ဒမီဆုချီးမြှင့်ပွဲကြီးမှာ ဆုကိုယ်စီ အသီးသီး ရရှိထားပြီး အောင် မြင်မှု ကိုယ်စီရရှိထားတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအခြေအနေကတော့ ချစ်ခြင်းမေတ္တာမပြတ် တစ်ဦးတစ်ဦးချစ်နေကြောင်း အိမ်ထောင်သက် ငါးနှစ်ပြည့် Anniversay နဲ့ ပရိသတ်တွေကို ချပြထားတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ ပျော်ရွှင်စရာ Live <Music Video ၊ ကြော်ငြာတူတူရိုက်ကူးတာတွေကို ပရိသတ်တွေကို သူတို့ရဲ့ လူမှုကွန်ယက်ကနေ ချပြလေ့ရှိသလို အခုအခါမှာလည်း ရတနာဆိုင်ဖွင့်ပွဲတစ်ခု ဖြစ်သော Luxury Hub ဆိုင်ဖွင့်ပွဲ တူတူတက်ရောက်လာတာကို ရွှေမှုန်ရတီရဲ့ လူမှုကွန်ယက်ကနေ အခုလို ချပြလာပါတယ် ” Luxury Hub ဆိုင်ဖွင့်ပွဲအမှတ်တရနေ့လေးမှာ သဲ Idol Ko Shwe Htooနဲ့ ပွဲတက် ဖြစ်ပါတယ် ဆိုပြီး မျှဝေလာပါတယ်။

လူမြင်ကွင်းပွဲတက်ပွဲများကို ရွှေထူး နဲ့ ရွှေမှုန်ရတီ ရွှေနှစ်ရွှေတို့ ပွဲတက်မြင်ရတာဟာ ပရိသတ်တွေကို ပျော်ရွှင်ကြည်နူးမှု ပေးနိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေနှစ်ရွှေတို့ရဲ့ ချစ်ပုံရိပ်များကို ကြည့်ပြီး သဘောကြနှစ်သက်မှုရှိမယ်လို့ မှတ်ယူမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လက်ဝှေ့သမားဟောင်းဇာတ်ကောင်တွက် ၆လ နီးပါး လက်ဝှေ့လေ့ကျင့်ခဲ့တဲ့ Shin Hye Sun
Next post ထိုင်းစီးပွားရေးအားနည်းချက်ကြောင့် ထိုင်းနိုင်ငံသားတွေ နိုင်ငံခြားမှာအလုပ်သွားလုပ်ကြရတာလို့ ဝန်ကြီးချုပ် ပြော