လက်ဝှေ့သမားဟောင်းဇာတ်ကောင်တွက် ၆လ နီးပါး လက်ဝှေ့လေ့ကျင့်ခဲ့တဲ့ Shin Hye Sun

Shin Hye Sun လို့ ပြောလိုက်တာနဲ့ မကြာခင်က ပြီးသွားတဲ့ See You In My 19th Lifeက ၁၉ဘဝလူဝင်စားခဲ့တဲ့ ဘန်ဂျီအွန်း၊ Still 17 ထဲက ၁၇နှစ်အရွယ် ကောင်မလေး ၊ Angel’s Last Mission Love ထဲ ဘဲလေးအကမယ်၊ Hymn Of Death ထဲက အမြင့်သံအဆိုရှင် စတဲ့ သူရဲ့နာမည်ကြီးပေါက်ကားများစွာနဲ့ ထပ်ခြင်းမရှိတဲ့ အထင်ကရဇာတ်ကောင်တွေကို ပြေးမြင်ကြမှာပါ။ အထူးသဖြင့် Mr Queen ထဲက ယောက်ျားစိတ်ပေါက်နေတဲ့ မိဖုရား အဖြစ် ပရိသတ်အချစ်တွေ ရထားတဲ့ သူက ကျားကျားယားယား သရုပ်ဆောင်တာပိုင်လွန်းသူမို့ Brave Citizen ရုပ်ရှင်မှာ လက်ဝှေ့သမားဟောင်း ဇတ်ဇတ်ကြဲ ကျောင်းဆရာမ ဇာတ်ရုပ်နဲ့ ပရိသတ်ရှေ့ရောက်လာတော့လည်း ကြည့်သူတိုင်းကို အားရ သဘောကျစေ ပြန်ပါတယ်။

ဇာတ်​ရုပ်တွေတိုင်းကို ချီးကျုးခံရအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရင်းရဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေ ရှိခဲ့ပြီး Brave Citizen က လက်ဝှေ့သမားဟောင်း ဇာတ်ကောင်တွက် ၆လ နီးပါး လက်ဝှေ့လေ့ကျင့်ခဲ့သလို အက်ရှင် သင်တန်းကျောင်းမှာ နေ့စဥ်မပြတ်လေ့ကျင့်သင်ယူခဲ့ကြောင်း သိရပါတယ်။ အက်ရှင်အသားပေးဇာတ်လမ်းမို့ Shin Hye Sun ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ပက်သက်လို့ ချီးကျုးခဲ့ကြတဲ့ Review တွေ၊ ဆောင်းပါးတွေ ရုံတင်စဥ်က တောက်လျှောက်တက်ခဲ့ပါတယ်။

” အရင်က ဒီလိုဇာတ်ကောင်မျိုး မလုပ်ဖူးတော့ ကျွန်မနဲ့လိုက်ပါ့မလား မသိပါဖူး။ ဒါပေမယ့် ဒီဇာတ်ရုပ်ကို စိန်ခေါ်ကြည့်ချင် ခဲ့ပါတယ်။ ကျွန်မဇာတ်ကောင်က အရိုက်ခံရတဲ့ခန်းတွေ အများကြီးရှိပြီး မျက်နှာမှာဒဏ်ရာတွေချည်းပါ။ ဒါကို ကျွန်မ အရမ်းသဘောကျပါတယ်။ ဒီဒဏ်ရာတွေကိုက ဇာတ်ကောင်တွက် အလှတစ်မျိုးပါ။ ကျွန်မ လှနေဖို့မလိုပါဘူး။ အမေကတော့ ဇာတ်ကားကြည့်ပြီး လန့်နေပါတယ်။ ကားရိုက်ရင်း ကျွန်မတကယ် ဒဏ်ရာရခဲ့တယ်ထင်ပြီး စိုးရိမ်နေလို့ အဲ့ဒါမိတ်ကပ်တွေ ပါလို့ မနည်းရှင်းပြခဲ့ရပါတယ် ” ဆိုပြီး ရုံတင်ခါနီးက စာနယ်ဇင်းပွဲတွေမှာ ရယ်မော ပြောပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပနေပြီဖြစ်တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်
Next post Luxury Hub ဆိုင်ဖွင့်ပွဲမှာ Idol ကို‌ရွှေထူး နဲ့ ပွဲတက်ခဲ့တယ် လို့ ဖော်ပြလာသော ရွှေမှုန်ရတီ