တရုတ်/ရုရှားတို့နဲ့ စစ်ဖြစ်ရင် အမေရိကန်ကြည်းတပ်မှာ လုံလောက်တဲ့အင်အားမရှိဘူးလို့ ကွန်ဂရက် ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြ

ဩဂုတ်လ ၂ ရက်

တရုတ်/ရုရှားနိုင်ငံတို့နဲ့ စစ်မက်ဖြစ်ပွားလာခဲ့ရင် အမေရိကန်ကြည်းတပ်မှာ လုံလောက်တဲ့စစ်အင်အားမရှိဘူးလို့ ကွန်ဂရက်လွှတ်တော်ကော်မရှင် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ကြည်းတပ်ဟာ တိုးချဲ့လာနိုင်တဲ့ နယ်မြေဒေသလေးငါးခုမှာ စစ်ဆင်ရေးဆင်နွှဲဖို့ စစ်သည်အင်အား မလုံလောက်ဘူးလို့ ၂၀၂၂ ခုနှစ် နိုင်ငံတော်ကာကွယ်ရေးမူဝါဒကို ပြန်လည်ဆန်းစစ်လေ့လာဖို့ ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာကော်မရှင်က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းလျင်မြန်စွာ ပျံ့နှံသွားမှာမဟုတ်တဲ့ အင်ဒို-ပစိဖိတ်ဒေသက စစ်ပွဲတစ်ပွဲကို မှန်းဆဖို့ အလွန်ခက်ခဲ တာကြောင့် နေရာဒေသအသီးသီးမှာ တပြိုင်တည်း စစ်ဆင်ရေးဆင်နွှဲနိုင်အောင် လုံလောက်အောင် အင်အား ကြီးမားတဲ့ တပ်ဖွဲ့တစ်ရပ် တည်ဆောက်ဖို့ အရေးကြီးကြောင်း ကော်မရှင်က ပြောပါတယ်။

ကြည်းတပ်ဟာ ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ စစ်သည်အင်အား ၄၅၂,၀၀၀ ရှိပြီး အဲဒီပမာဏဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက အင်အားအနည်းဆုံးပမာဏဖြစ်တယ်လို့ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကြည်းတပ်စစ်သည်အင်အား ၅၅၆,၀၀၀ ရှိရာကနေ အင်အား ၄၄၃,၀၀၀ အထိလျှော့ချသွား ဖို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့နောက်ဆုံးဘတ်ဂျက်အဆိုပြုလွှာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငြိမ်းချမ်းရေးညီလာခံတွင် ရုရှား ပါဝင်စေရန် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား
Next post မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်း