မြန်မာပါဝင်တဲ့ ခြောက်နိုင်ငံပူးတွဲဗီဇာအစီအစဉ် ထိုင်းနိုင်ငံ ဦးဆောင်ကြိုးပမ်းနေ

အရှေ့တောင်အာရှဒေသ နိုင်ငံ ခြောက်နိုင်ငံကို ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား သန်း ၇၀ ဝန်းကျင် ဝင်ရောက်ခဲ့တဲ့ အတွက် အဲဒီခြောက်နိုင်ငံအတွင်း ပူးတွဲဗီဇာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့် အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံက ဦးစီးဆောင်ရွက်နေကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်တို့ပါဝင်တဲ့ အာဆီယံနိုင်ငံခြောက်နိုင်ငံအနေနဲ့ ရှန်းဂန်ပုံစံ ဗီဇာ စနစ်ကျင့်သုံးသွားဖို့ အကြောင်းကို ပြီးခဲ့တဲ့လတွေအတွင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ဆွေးနွေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းက အဆိုပါအာဆီယံ ခြောက်နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွား သန်း ၇၀ ဝန်းကျင် ဝင် ရောက်လာခဲ့ကြောင်း တရားဝင်စာရင်းများအရ သိရပါတယ်။

အဲဒီကမ္ဘာလှည့်ခရီးသွားအရေအတွက်ထဲမှာ ထိုင်းနိုင်ငံနဲ့ မလေးရှားကို ဝင်ရောက်လာသူဦးရေက တစ်ဝက်ကျော်ရှိပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကတစ်ဆင့် ဒေါ်လာ ၄၈ ဘီလျံ ရရှိခဲ့ပါတယ်။ ဗီဇာတစ်ခုတည်းအသုံးပြုသွားလာရေးဟာ ဝန်ကြီးချုပ်ဆရက်ထာရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်တွေထဲမှာ ဆန္ဒအပြင်းပြဆုံး အစီအစဉ် ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ နိုင်ငံရဲ့စုစုပေါင်းအလုပ်အကိုင် ၂၀% ကို ဖန်တီးပေးနိုင်သလို နိုင်ငံ့ဝင်ငွေ ဒေါ် လာ ဘီလျံ ၅၀၀ ရဲ့ ၁၂% ကိုလည်း ရှာဖွေပေးနိုင်တယ်လို့ဆိုပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ပိုမိုစိတ်ဝင်စားလာအောင် ဗီဇာ သက်တမ်းကို ရက်ပေါင်း ၃၀ ကနေ ရက်ပေါင်း ၉၀ အထိ တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ပူးတွဲဗီဇာအစီအစဉ်ပြုလုပ်ဖို့အတွက် ခွင့်ပြုချက်တွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်သလို ဥရောပဒေသ နဲ့မတူတာ က အစီအစဉ်မှာပါဝင်တဲ့ နိုင်ငံတွေကြားမှာ စံကိုက်လူဝင်မှုကြီးကြပ်ရေးစံနှုန်းသတ်မှတ်ချက်တွေဟာ စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်ကြောင်း ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးက ပြောပါ တယ်။

အုပ်စုလိုက်အရ အာဆီယံအဖွဲ့ဟာ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းအရ ဆိုးရွားညံ့ဖျင်းတဲ့မှတ်တမ်းနဲ့အတူ ခွဲခြား သတ်မှတ် ခံထားရတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ပခုက္ကူမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် ယနေ့နံနက် အစောပိုင်း မီးလောင်၊ တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရ