ငြိမ်းချမ်းရေးညီလာခံတွင် ရုရှား ပါဝင်စေရန် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား

ဩဂုတ်လ ၂ ရက်

ယူကရိန်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲကိုအဆုံးသတ်ရန် ဒုတိယအကြိမ်မြောက်ပြုလုပ်ရန်စီစဉ်ထားသည့် ငြိမ်းချမ်းရေးညီလာခံတွင် ရုရှားကိုပါဝင်စေရန် ယူကရိန်းအပါအဝင် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေသည်ဟု ယူကရိန်း သမ္မတဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားလိုက်ပါတယ်။

ရုရှားတပ်ဖွဲများသည် ရှေ့တန်းစစ်မြေပြင်တွင် အသာစီးရနေပြီး အနောက်နိုင်ငံများထံမှ ကူညီမှုများ သေချာရေရာမှုမရှိ ဖြစ်နေချိန်တွင် ဇယ်လန်စကီးက စစ်ပွဲကိုအဆုံးသတ်စေရန်အတွက် ရည်မှန်းချက်ကြီးသည့် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုအဖြစ် ကမ္ဘာ့ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးညီလာခံကို ပြုလုပ်ခဲ့ပါတယ်။

ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဘာဂျန်စတော့မြိုတွင် ပြုလုပ်ခဲ့ပြီး ထိုအချိန်က ရုရှားနှင့် တရုတ်တို့ ပါဝင်ခြင်းမရှိပါဘူး။

ပထမအကြိမ် ညီလာခံတွင်ရုရှားကို ဖိတ်ကြားခဲ့ခြင်းမရှိသော်လည်း ယခုအကြိမ်တွင် ရုရှားကို စားပွဲဝိုင်းသို့ ခေါ်ဆောင်ရန်အချိန်ကျပြီဖြစ်ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဩဂုတ်လ ၃ ရက်နေ့ နံနက် ၈နာရီခွဲ မှ စတင်ကာ ရန်ကုန်-မော်လမြိုင်ရထား ပြန်လည်ပြေးဆွဲမည်
Next post တရုတ်/ရုရှားတို့နဲ့ စစ်ဖြစ်ရင် အမေရိကန်ကြည်းတပ်မှာ လုံလောက်တဲ့အင်အားမရှိဘူးလို့ ကွန်ဂရက် ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြ