ဩဂုတ်လ ၃ ရက်နေ့ နံနက် ၈နာရီခွဲ မှ စတင်ကာ ရန်ကုန်-မော်လမြိုင်ရထား ပြန်လည်ပြေးဆွဲမည်

ပဲခူးဘူတာယာဒ်ဝင်းအတွင်းရေများ ပြန်လည်ကျဆင်းပြီး ရထားဖြတ်သန်းသွားလာရာတွင် အန္တရာယ်ကင်းရှင်းပြီ ဖြစ်သော ကြောင့် ရန်ကုန်-မော်လမြိုင် ရထားများ ဩဂုတ်လ (၃)ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဟု မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ကြေညာထားသည်။

မော်လမြိုင်ဘူတာ မှ ထွက်ခွာမည့် အမှတ် (၈၂)အစုန်ရထား နှင့် ရန်ကုန်ဘူတာ မှ ထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန် -မော်လမြိုင် ရထားများအား ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ပါသည်။ ဩဂုတ်လ (၃)ရက်နေ့မှ စတင် နံနက် ၈နာရီခွဲ အချိန်တွင် အမှတ် (၈၂) အစုန်ရထား သည် လေအိတ်ရထားတွဲဆိုင်းဖြင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည်ဖြစ်သည်။

ဩဂုတ်လ (၃)ရက်နေ့ အတွက် ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်များအား မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံ၌ နံနက် (၇) နာရီမှ နေ့လယ် (၃)နာရီထိ ရောင်းချပေးနေပြီး အထက်တန်း (၂)ရက်ကြို ၊ (၃)ရက်ကြို တင်လက်မှတ်များကို လည်း ရောင်းချပေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ငြိမ်းချမ်းရေးညီလာခံတွင် ရုရှား ပါဝင်စေရန် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား