ပခုက္ကူမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် ယနေ့နံနက် အစောပိုင်း မီးလောင်၊ တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ၁၄ လမ်းတွင် ယနေ့ နံနက် အစောပိုင်း (၁)နာရီ (၄၅)မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါသည်။

ထို့ကြောင့် ပခုက္ကူခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပခုက္ကူနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ အရန်မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၂) နာရီ (၃၀)မိနစ် အချိန်တွင် မီးငြိမ်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာပါဝင်တဲ့ ခြောက်နိုင်ငံပူးတွဲဗီဇာအစီအစဉ် ထိုင်းနိုင်ငံ ဦးဆောင်ကြိုးပမ်းနေ
Next post မေလထဲမှာ ချစ်သူနဲ့လက်ထပ်တော့မယ့် သရုပ်ဆောင် Ma Dong-seok