ကိုးကန့်အဖွဲ့က ဖမ်းသွားတဲ့ ကိုရင် ၄ ပါးကို လူဝတ်လဲကာ သောင်းကျန်းသူအဖွဲ့ထဲထည့်

ကိုးကန့်အဖွဲ့ MNDAA က ဖမ်းသွားတဲ့ ကိုရင် ၄ ပါးကို သောင်းကျန်းသူအဖြစ် စစ်မှုထမ်းခိုင်းဖို့ လူဝတ်လဲ ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကိုရင်လေးပါးကို မုံးကိုးဒေသက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဥူးခေမာစာရ သက်တော်(၂၂) နှစ်၊ ရှင်အာစိဏ္ဏ သက်တော်(၁၆)နှစ်၊ အရှင်ဇာန သက်တော်(၁၅) နှစ်၊ အရှင်ဇနိန္ဒိက သက်တော်(၁၂) နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုရင် ၄ ပါးကို မုံးကိုးမှာရှိတဲ့ ကိုးကန့်တပ်(MNDAA) စခန်းမှာ စစ်ဝတ်စုံဝတ်ခိုင်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ TNLA,MNDAA အဖွဲ့ဝင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ အရွယ်မရောက်ခင် အဓမ္မစစ်မှုထမ်း ခိုင်းတာကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ပြည်မကိုဆင်းပြီး မိဘမဲ့ကျောင်းတွေနဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေမှာ ခိုလှုံဖို့ တိမ်းရှောင်နေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက်များ ပစ်ချလိုက်သော drop bomb နမ့်ဟွယ် ဘုန်းကြီးကျောင်းထဲ ကျ‌ရောက်ပေါက်ကွဲ
Next post ပုဂ္ဂလိကကျောင်းတွေမှာ အစိုးရကလူစာရင်းများတောင်းခံနေ ကြောင်း ကောလာဟလသတင်းများ လုပ်ကြံဖန်တီး