ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွင်းရှိ တရုတ်ဘုံကျောင်း တစ်ကျောင်း မီးလောင်မှုဖြစ်ပွား

ယနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်းရှိ တရုတ်ဘုံကျောင်းတစ်ကျောင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့တယ်လို့ မီးသတ်သတင်းများက သိရပါတယ်။ နိုဝင်ဘာလ ၂၁ရက် မနက် ၉နာရီ ၅၁မိနစ်အချိန်က ဗဟန်းမြို့နယ်၊ မြို့မ ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်းက တရုတ်ဘုံကျောင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“၃လမ်းထိပ် အမက၂၁ကျောင်းဘေးက ဘုံကျောင်းမှာ ဝါယာရှော့ဖြစ်လောင်တယ်လို့”လို့ သတင်းရရှိပါတယ်။မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိချက်အရ သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများက မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဖော်ပြထားပါတယ်။

တရုတ်ဘုံကျောင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာကိုတော့ ထုတ်ပြန်ထားခြင်းမရှိဘဲ မနက် ၁၀နာရီ ၁၈မိနစ်မှာ မီးငြိမ်းသွားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၂ ကမ္ဘာ့ဖလားမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံတင်ဖို့ ပြင်ဆင်နေ
Next post Billboard Music Awards ဆုပေးပွဲမှာ ဆု ၁၀ ဆု ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ်