၂၀၂၂ ကမ္ဘာ့ဖလားမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံတင်ဖို့ ပြင်ဆင်နေ

နိုဝင်ဘာလ ၂၁ ရက်

သတင်းတွေအရ sotheby’s ဟာ ၂၀၂၂ ကမ္ဘာ့ဖလားတစ်လျှောက် မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂျာစီ ၆ ခုကို လေလံတင်ဖို့ ပြင်ဆင်နေပြီး တန်ကြေးကဒေါ်လာ ၁၀ သန်းလောက်ရှိနိုင်တယ်လို့ သိရပါတယ်။

မက်ဆီဟာ ဆော်ဒီအာရေဗျ၊ မက္ကဆီတို့နဲ့ကန်ခဲ့တဲ့ပွဲရဲ့ ပထမပိုင်းမှာဝတ်ဆင်ခဲ့တဲ့ ဂျာစီအပြင် ရှုံးထွက်ပွဲဖြစ်တဲ့ သြစတြေးလျ ၊ နယ်သာလန် ၊ ခရိုအေးရှား ၊ ဖိုင်နယ်ပွဲဖြစ်တဲ့ ပြင်သစ်အသင်းတို့နဲ့ပွဲတွေမှာ ဝတ်ဆင်ခဲ့တဲ့ဂျာစီတွေကို လေလံတင်မှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နှစ်ကာတာကမ္ဘာ့ဖလားကိုရရှိခဲ့ပြီး မက်ဆီတစ်ယောက် ပထမဆုံးကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံတင်မယ်ဆိုရင် ဒေါ်လာ ၁၀ သန်း ရရှိနိုင်ဖွယ်ရှိနေပြီး အဆိုပါတန်ကြေးထက်လည်း များနိုင်တယ်လို့ sotheby’s က ပြောကြားခဲ့ပါတယ်။

“၂၀၂၂ ကမ္ဘာ့ဖလားက အားကစားသမိုင်းတစ်လျှောက် အကောင်းဆုံးပြိုင်ပွဲတွေထဲက တစ်ဦးပါ။ အဲ့တာက မက်ဆီဝတ်ဆင်ခဲ့တဲ့ဂျာစီတွေကို လေလံတင်ဖို့ ပြင်ဆင်ထားသလို သမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားတွေထဲကတစ်ဦးပါ။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ဂျာစီ ၆ ထည်ကိုလေလံတင်တာက လေလံသမိုင်းတစ်လျှောက် အကြီးမားဆုံး ဖြစ်လာနိုင်ပါတယ်။ မက်ဆီကိုချစ်နှစ်သက်တဲ့ပရိသတ်တွေနဲ့ ဂျာစီစုဆောင်းချင်တဲ့သူတွေအတွက်လည်း သတင်းကောင်းဖြစ်လာမှာပါ။ မက်ဆီလိုကစားသမားမျိုးရဲ့ဂျာစီကို လေလံတင်ခွင့်ရတဲ့ sotheby’s အတွက်လည်း ဂုဏ်ယူစရာဖြစ်လာမှာပါ”လို့ အမှုဆောင် ဘရာဟမ်ဝါချာက ပြောကြားခဲ့ပါတယ်။

တစ်ဦးချင်းဂျာစီမှာ ဈေးအကြီးဆုံးအဖြစ် ဘက်စ်ကက်ဘောဂန္ထဝင် မိုက်ကယ်ဂျော်ဒန်ရဲ့အကျီက ဒေါ်လာ ၁၀.၁ သန်းနဲ့ စံချိန်တင်ထားပါတယ်။ ဈေးကွက်အရ လေလံတင်မယ့်အားကစားဂျာစီတွေဟာ ဈေးနှုန်းတိုးတက်လာတယ်လို့ သိရပြီး မက်ဆီရဲ့အကျီတွေကို US tech Start-up AC Momento က လေလံတင်မှာဖြစ်ကာ ရရှိလာတဲ့ အကျိုးအမြတ်ရဲ့တစ်ချို့တဝက်ကို UNICAS ပရောဂျက် နဲ့ ဘာစီလိုနာကလေးဆေးရုံတွေကို လှူဒါန်းမှာဖြစ်ပါတယ်။

ဂျာစီတွေကို နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ လေလံတင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကောကြေညာ
Next post ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွင်းရှိ တရုတ်ဘုံကျောင်း တစ်ကျောင်း မီးလောင်မှုဖြစ်ပွား