ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကောကြေညာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင်ပါတီအဖြစ် မှတ်ပုံတင်ထားသည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ၂၀၂၃ခုနှစ်နိုဝင်ဘာ၂၀ရက် ကစပြီး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခြင်း မှ ပယ်ဖျက် ၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာချက်ထုတ်ပြန်လိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို  မှတ်ပုံတင် အမှတ်(၁၉) ၃၀-၅-၂၀၂၃ရက်စွဲပါ ကြေညာချက်အမှတ် (၂၄/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 58-1.jpg

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅(စ)နှင့် အညီ  နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်  ၂၀၂၃ခုနှစ်  မေလ လ ၃၀ ရက် မှ  ၂၀၂၃ခုနှစ်  ဩဂုတ် ၂၇ ရက် အထိ  ရက်ပေါင်း ၉၀ အတွင်း  ပါတီဝင် ဦးရေ၁၀၀၀ကို  ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း ပါတီဝင်အင်အား ပြည့်မှီရေး အတွက် အောက်တိုဘာ ၃၁ရက် နောက်ဆုံးထားပြီး  ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ပေမယ့်  သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အင်အား စာရင်းတင်ပြနိုင်ခြင်း  မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း  ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က)ပုဒ်မခွဲငယ် (၉)ပါ ပြဌာန်းချက်နဲ့ ငြိစွန်းသဖြင့် ယနေ့ကျင်းပသော အစည်းအဝေး၌ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ပြီး ပါတီ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက်ဝါဒဖြန့်သတင်းများ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ် ပေါ်က လေသူရဲတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြ
Next post ၂၀၂၂ ကမ္ဘာ့ဖလားမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံတင်ဖို့ ပြင်ဆင်နေ