လွိုင်ကော်မှာ အကြမ်းဖက်များလက်နက်ကြီးများနဲ့ ပစ်ခတ်မှု ကြောင့် အရပ်သား ၃၀ ကျော် သေဆုံး

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၁၁၁ စစ်ဆေးရေး စတင်ပြီးနောက် အကြမ်းဖက် PDF ၊ ကရင်နီတော်လှန်ရေး အင်အားစုများနှင့် လုံခြုံရေးတပ်တွေနဲ့တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ လုံခြုံရေးယူနေသော တပ်ဖွဲ့တွေဆီသို့ အကြမ်းဖက်တွေက လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီကနေ့ အထိ နာနတ်တော၊နန့်ကွတ်၊ ဓမ္မရုံ၊ ဒေါဥခူ၊ နောင်ယား၊ ထေးငါးလျား စတဲ့ ရပ်ကွက်တွေမှာ အယောက် ၃၀ ကျော် သေဆုံး ခဲ့ပြီး နာနတ်တော ရပ်ကွက် တစ်ခုနဲ့တင် သေဆုံးသူဦးရေ ၂၀ ရှိတယ်လို့ သိရှိရပါတယ်။

ဒီနေ့ (နိုဝင်ဘာ ၁၄) မနက်ပိုင်းတုန်းကလည်း အ.ထ.က ၃ ကျောင်းရှေ့က ဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးနဲ့၊ ကားတစ်စီးကို အကြမ်းဖက်များက အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ပေမယ့် ကားသမားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှေ့တန်းရောက်စစ်သည်တွေအတွက် “စိတ်ဓာတ်ခွန်အား သစ်လောင်းပွဲ” ကျင်းပမယ်ဆိုတဲ့ ပိုစတာ အတုသာဖြစ်နေ
Next post ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အား နေပြည်တော်၌ လက်ခံတွေ့ ဆုံ