ရှေ့တန်းရောက်စစ်သည်တွေအတွက် “စိတ်ဓာတ်ခွန်အား သစ်လောင်းပွဲ” ကျင်းပမယ်ဆိုတဲ့ ပိုစတာ အတုသာဖြစ်နေ

လာမယ့် ဒီဇင်ဘာ ၁ ရက် ည ၇ နာရီမှာ ကွတ်ခိုင်မြို့မှာ ရှေ့တန်းရောက်စစ်သည်တွေအတွက် နာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေမယ့် “စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ” ကျင်းပမယ်ဆိုတဲ့ ပိုစတာက မနေ့က လူမှုကွန်ယက်မှာ ပျံ့နှံ့လာခြင်း ဖြစ်ပြီး ၄င်းပိုစတာမှာ အတုသာဖြစ်နေတယ်လို့ သိရပါတယ်။

၄င်းပိုစတာအတုထွက်ရှိလာတာနှင့်ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက “ဘယ်ကထွက်တဲ့ ပိုစတာလဲ ကျွန်တော် မသိဘူး။ ရုပ်ရှင်အစည်းအရုံးနဲ့ ကာယကံရှင်များအနေဖြင့် လုံးဝမသိပါကြောင်း။ ဟာသအဖြစ် ထုတ်တာဆိုရင် လည်း သိပ်မရီရကြောင်း ဖြေဆိုအပ်ပါတယ်”လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားလာပါတယ်။ တေးသံရှင် လုလင်ပျိုကလည်း အဲဒီကိစ္စ ကျွန်တော်ဘာမှကို မသိဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှ မသိပါဘူး။ ပွဲဆူအောင် သပ်သပ် လျှောက်ထည့်နေတာပါ” လို့ တေးသံရှင် လုလင်ပျိုက ပြောပါတယ်။

ဒီပွဲကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတိုက ပူးပေါင်းစီစဉ်တာလို့လည်း ပိုစတာ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။အဆိုပါ ဂီတဖျော်ဖြေပွဲစဉ် (၁) အနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ခန့်စည်သူ၊ မိုးအောင်ရင်၊ ဟိန်းဝေယံ၊ စိုးသူ၊ မြင့်မြတ်၊ အ ကယ်ဒမီ ရဲအောင်၊ အောင်ရဲလင်း၊ လုလင်ပျို၊ ဒိန်းဒေါင်၊ ကြာစိ၊ ကျင်ဝှက်၊ ငြိမ်းချမ်း၊ လမင်းကဗျာ၊ အေမီဈာန်၊ စိုးပြည့်သဇင်၊ နေဆန်း၊ ဖူးပွင့်သခင်၊ ခင်ဝင့်ဝါ၊ ဘေဘီမောင်၊ လီလီကျော်ခိုင်နဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲလုပ်မယ်ဆိုတဲ့ ပိုစတာအတုနဲ့ အနုပညာရှင်တွေကို ပရိသတ်အထင်အမြင်လွဲအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မြို့ Honey Nest DJ Bar ကို PDF များ ဗုံးထပ်မံခွဲ၊ လူထိခိုက်မှုမရှိ
Next post လွိုင်ကော်မှာ အကြမ်းဖက်များလက်နက်ကြီးများနဲ့ ပစ်ခတ်မှု ကြောင့် အရပ်သား ၃၀ ကျော် သေဆုံး