
ရန်ကုန်မြို့ Honey Nest DJ Bar ကို PDF များ ဗုံးထပ်မံခွဲ၊ လူထိခိုက်မှုမရှိ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ အမှတ် (၁) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ် (၁၁၀) ရှိ Honey Nest Barတွင် နိုဝင်ဘာလ ၁၃ ရက် ည ၉ နာရီခွဲက အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ပေါက်ကွဲမှုမှာ ဆိုင်အပြင်ဘက်တွင်ဖြစ်ပြီး အများပြည်သူထိတ်လန့်စေရန် အသံဗုံးကို PDF အကြမ်းဖက်သမားများက ဖောက်ခွဲခဲ့ခြင်းဖြစ်ကာ ထိခိုက်သူမရှိခဲ့ကြောင်း တာဝန်ရှိသူတို့ထံကသိရပါတယ်။

Honey Nest DJ Bar ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၅ ရက်တုန်းကလည်း ဗုံးနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မှုခံခဲ့ရပြီး အခုကတော့ ဒုတိယအကြိမ်တိုက်ခိုက်ခံရတာဖြစ်သလို အဲဒီအချိန်တုန်းကတော့ Dark Shadow UG PDF က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။
More Stories
တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့် ရောင်းချပေးသွားမည်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနက ဆောက်လုပ်သော သီလဝါ၊ ယုဇနအပိုင်း(၃)၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်းအပိုင်း(၁) အိမ်ရာတို့ရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ အိမ်ရာတို့ရှိ တိုက်(၇)လုံး၊ အခန်း (၂၄၉) ခန်းကို...
မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌပြော
မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကာ...
ငလျင်ဒဏ်သင့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး မြန်မြန်ဆန်ဆန်တည်ဆောက်ရန် နစကဥက္ကဋ္ဌ မှာကြား
ငလျင်ဒဏ်သင့် ရုံးအဆောက်အဦများ ကနဦး ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်၍ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့အား သွားရောက်စစ်ဆေးစဉ်...
ဘီးလင်း-နတ်ကြီးသွားကားလမ်းမပေါ်ရှိ တံတားတစ်စင်းကို လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲ ဖျက်စီး
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းပေါ်ရှိ အရှည်ပေ(၈၀)ရှိသောတံတားတစ်စင်းကို လက်နက်ကိုင်အဖွဲ့ဝင်များမှ မေ ၂၆ ရက်နံနက်ပိုင်းက မိုင်းခွဲဖျက်စီးခဲ့ကြကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘီးလင်းမြို့နယ်၊ တညင်ပင်ကျေးရွာ၏ အနောက်ဘက်မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၆/၂ နှင့်...
မလေးရှားတွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်နေ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုတော်တွင် မေ ၂၆ ရက်က အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုများကြေညာခဲ့ပြီးနောက် ယခုအစည်းအဝေးသည် ပထမဆုံးအကြိမ် အာဆီယံခေါင်းဆောင်များ အစည်းအဝေးဖြစ်ပါတယ်။ ထိုအစည်းအဝေးတွင် ထရန့်၏ အခွန်တိုးမြှင့်ကောက်ခံမှုကိစ္စ၊ မြန်မာပဋိပက္ခတွင်...
ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ၊မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင်...