သရုပ်ဆောင် နန်းစန္ဒာလှထွန်းနဲ့ ချစ်သူမောင်ဉာဏ်လင်းမြင့် တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ ကျင်းပ

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတဲ့ တောင်ကြီးသူလေး သရုပ်ဆောင် နန်းစန္ဒာလှထွန်းနဲ့ ချစ်သူမောင်ဉာဏ်လင်းမြင့်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို တောင်ကြီးမြို့မှာ ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။

ပရိသတ် အချစ်တော် နန်းစန္ဒာလှထွန်းကတော့ နိုဝင်ဘာ ၁၁ ရက်နေ့ မှာ တောင်ကြီးမြို့ Taunggyi Hotel မှာ မင်္ဂလာ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ရှမ်းရိုးရာဝတ်စုံနဲ့ နံနက်ပိုင်းကျင်းပခဲ့ တာဖြစ်ပါတယ်။ ညနေပိုင်း မင်္ဂလာ Dinner ပွဲကိုလည်း တောင်ကြီးမြို့မှာပဲ ချစ်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ အနုပညာရှင်တွေ တချို့ တက်ရောက်ခဲ့ကြပါတယ်။

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကတော့ ပရိသတ်ကို သူမ မင်္ဂဆောင်တော့မယ်အကြောင်း ယခုနှစ်အတွင်း အခြားအနုပညာ ရှင် Celebrities ထက် နောက်ကျပြီး မကြာသေးမီမှ ချပြခဲ့ပေမယ့် မင်္ဂလာပွဲကို ပထမဦးဆုံး ကျင်းပလိုက်တာပဲဖြစ်ပါတယ်။သူမရဲ့မင်္ဂလာပွဲကို ဦးလေးတော်စပ်သူ နာမည်ကြီးအဆိုတော် စိုင်းဟန်ထွန်း(ခ) ဟန်ထွန်းလည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအနီး မိုင်းထောင်နေသည့် အကြမ်းဖက် PDF ၂ ဦးအား ပစ်ခတ်ရှင်းလင်း
Next post ရန်ကုန်မြို့ Honey Nest DJ Bar ကို PDF များ ဗုံးထပ်မံခွဲ၊ လူထိခိုက်မှုမရှိ