ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအနီး မိုင်းထောင်နေသည့် အကြမ်းဖက် PDF ၂ ဦးအား ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအနီးတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က မိုင်းထောင်နေသည့် အကြမ်းဖက် PDF ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအနီး မိုင်းထောင်ခြင်း အနှောက်အယှက် လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက် PDF များကို လုံခြုံရေးတပ်ဖွဲ့များသည် သွားရောက်ရှင်းလင်းခဲ့ရာ PDF ၂ လောင်း၊ လက်လုပ်စလစ်မိုင်း ၁ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဘက္ထရီအိုး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်စခန်း ၂ ခုအား AA တိုက်ခိုက်
Next post သရုပ်ဆောင် နန်းစန္ဒာလှထွန်းနဲ့ ချစ်သူမောင်ဉာဏ်လင်းမြင့် တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ ကျင်းပ