ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အား နေပြည်တော်၌ လက်ခံတွေ့ ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai အား မနေ့က မနက် ၁၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်ဟုသိရသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး နှင့် သံအမတ်ကြီးတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လွိုင်ကော်မှာ အကြမ်းဖက်များလက်နက်ကြီးများနဲ့ ပစ်ခတ်မှု ကြောင့် အရပ်သား ၃၀ ကျော် သေဆုံး
Next post ချစ်သူနဲ့ Pre Wedding ပုံလေးကို ပွင့်လင်းမြင်သာစွာ ချပြလာတဲ့ ဝတ်မှုန်ရွှေရည်