
နစကဥက္ကဋ္ဌ ထံသို့ ငလျင်ဘေးနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၅၂ မိနစ်က ရစ်ချာစကေး ၇.၇ ရှိသော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့သည်။
၄င်းဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် က လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချမ်း က လည်းကောင်း၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒတ် ပရယ် ဘိုရိုနိုနစ် နိုရိုဒွန် သီဟာမိုနီ က လည်းကောင်း၊ ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒတ် အာခါ မိုဟာ ဆီနာ ပါဒိုင်း တဲ့ချို ဟိုဆန် က လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနိုက် က လည်းကောင်း၊ ဘရူနိုင်းနိုင်ငံဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ က လည်းကောင်း၊ နီကာရာဂွာနိုင်ငံ သမ္မတ ဒယ်နီရယ် အော်တီဂါ ဆာဗေဒရာ နှင့် ဒုတိယသမ္မတ ရိုဆာရီ မူရီလို တိုက လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြတယ်လို့ သိရှိရပါတယ်။





