
(၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား နစက ဥက္ကဌ အားပေး
၂။ နိုင်ငံခြားသတင်းထောက်များ လာရောက်ရန် ခွင့်တောင်းမှုများရှိသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းကို အာရုံစိုက်နေရခြင်းနှင့် နေရေးထိုင်ရေး အခက်အခဲရှိခြင်းကြောင့် ခွင့်မပြုပေးနိုင်သေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
၃။ လာမည့်ရွေးကောက်ပွဲတွင် ကြိုတင်မဲကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်မည်
၄။ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် လှုပ်ရှားမှုအဖြစ် ဧပြီ ၁ ရက်၊ ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဥဩဆွဲ ဂါရဝပြုခြင်းများ ဆောင်ရွက်မည်
၅။ လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေ
၆။ ငလျင်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိန်းတစ်သောင်းဝန်းကျင်ခန့် လှူဒါန်းမည်
၇။ ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းခဲ့သည့် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်
၈။ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်နေချိန် စလင်းရှိ တညောင်ဓာတ်အားခွဲရုံကို PDFအဖွဲက လက်နက်ငယ်များဖြင့် ပစ်ခတ်
၉။ မတ်လ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၀၀ ကျပ်၊ Octane 95 – ၃၀၅၀ ကျပ်၊ Diesel – ၂၅၈၀ ကျပ်၊ Premium Diesel – ၃၁၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်က ISIS အကြမ်းဖက်အဖွဲရဲ့ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်
၂။ အစိုးရအသစ်ဖွဲစည်းမှုကို ဆီးရီးယားခေါင်းဆောင် ထုတ်ပြန်ကြေညာ
၃။ ငလျင်အတွက် ဝမ် (၅)သန်းကို လှူဒါန်းမှုကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး လက်ခံ
၄။ ဖွဲစည်းပုံက တားမြစ်ထားပေမဲ့ တတိယသမ္မတသက်တမ်းကို ဟာသလုပ်ပြောနေတာမဟုတ်လို အမေရိကန်သမ္မတထရန့် ပြောကြား
၅။ တရုတ်သမ္မတ ရှီ ဧပြီလအတွင်း အရှေ့တောင်အာရှသုံးနိုင်ငံသို သွားရောက်ရန်ရှိ
၆။ အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသည့် အိန္ဒိယရေတပ်သင်္ဘောနှစ်စီး သီလဝဆိပ်ကမ်းသို ရောက်ရှိ
အားကစားသတင်းများ
၁။ နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်တုန်းက အက်ဖ်အေဖလားရရှိခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ ကြာမှ အခုဆုဖလားကိုထပ်မံရရှိခဲ့
၂။ NBA အသင်း မန်းဖစ် ဂရဇ်လီအသင်းဟာ ၎င်းတိုရဲ့နည်းပြချုပ်ဖြစ်သူ တေလာ ယန်ကင်း ကိုရာထူးကနေထုတ်ပယ်လိုက်ကြောင်းသိရ
၃။ လူးဝစ် ဂစ်ဘ်ဆင် နဲ့ လိုင်လာ ဖီးယား တိုဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ် ဗြိတိန်နိုင်ငံအနေနဲ့ စကိတ်ပြိုင်ပွဲကနေ ဆုတံဆိပ်ပြန်လည်ရရှိခဲ့
၄။ WBO ရဲ့ ဝေါ်တာဝိတ်တန်းရဲ့ကမ္ဘာ့ချန်ပီယံဖြစ်သူ မီခဲလာ မာယာ ဟာ လက်စ်ဗီးဂတ်စ်မှာကျင်းပခဲ့တဲ့ စိန်ခေါ်ပွဲမှာ ပြိုင်ဘက် ဗြိတိန်နိုင်ငံသူ ဆန်ဒီ ရိုင်ယန်ကိုအနိုင်ရရှိကာ ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့
၅။ ၂၀၂၅ ခုနှစ်ရဲ့ အမေရိကန်ဂရင်းပရီပွဲစဉ်မှာတော့ ဒူကာတီ လီနိုဗိုအသင်းရဲ့ ဆိုင်ကယ်သမားဖြစ်သူ ဖရန်စစ္စကို ဘက်နိုင်ယာ က အနိုင်ရ ဗိုလ်စွဲ
အနုပညာသတင်းများ
၁။ “သူတော်တစ္ဆေ “ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ငလျင်ဒဏ်ကြောင့် စိုးရိမ်သောကနဲ့ ဝမ်းနည်းပူဆွေးနေချိန်မို ဖျက်သိမ်းလိုက်ပြီး ရုံတင်ပြသချိန်ရရှိလာတဲ့ငွေကြေးကို ငလျင်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားမယ့် မျိုးစန္ဒီကျော်
၂။ ငလျင်ဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ငွေကျပ် သိန်း ၁၂၀ ကို ၁၈မိုင်တောရဆရာတော်ဆီ လှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
၃။ အဆိုတော် ဂျေညီညီ ယမန်နေ့မနက်တွင် ကွယ်လွန်