
ငလျင်ဘေးကြောင့် တစ်ဖက်သတ် တစ်လအပစ်ရပ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ချိူးဖောက်လာသော အကြမ်းဖက် AA
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မယ်လို အကြမ်းဖက် MNDAA ၊ TNLA နဲ့ AA တို ယမန်နေ့ကတင် ကြေညာခဲ့ပေမဲ့ ဒီနေ့မနက်မှာတော့ အကြမ်းဖက် AA ဟာ တပ်မတော်ရဲ့ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းထဲမှာ မြောက်ပိုင်းသုံးဖွဲထဲကပဲ MNDAA ဟာ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ လားရှိးကို အပစ်ရပ်မယ်လို တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့ပေမဲ့ ကတိမတည်ဘဲ လားရှိးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုမှာ လားရှိးက တပ်မတော်ဆေးရုံက လူနဲ့ ဆေးတပ်က တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရတဲ့ ကတိမတည်မှုဟာလည်း သမိုင်းမှာ ပြယုဂ်တစ်ခုအဖြစ် ကျန်နေခဲ့ပါတယ်။
လက်ရှိဖြစ်စဥ်မှာလည်း အကြမ်းဖက်အဖွဲအဖြစ် ကြေညာခံထားရဆဲ AA ဟာ MNDAA လိုမျိုးပဲ ကတိမတည်ဘဲ ကိုယ်ထုတ်ထားတဲ့ အပစ်ရပ်စာ ကိုယ်တိုင်ဖောက်ဖျက်ပြီး ၂၄ နာရီမပြည့်ခင်မှာတင် ညောင်ကျိုးစခန်းကို သာလွန်အင်အားနဲ့ အလစ်အငိုက်ယူကာ ဝင်ရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။