အိန္ဒိယဗီဇာကင်းလွတ်ခွင့်ရှိသဖြင့် ရန်ကုန်-ဂါယာ – ရန်ကုန် စင်းလုံးငှား လေယာဉ်ခရီးစဉ်ကိုဧပြီလအထိ ပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်း(MNA)၏ ရန်ကုန်-ဂါယာ-ရန်ကုန် စင်းလုံးငှားလေယာဉ်ခရီးစဉ်ကို ဧပြီလအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

အဆိုပါ ခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် – ဂါယာ – ရန်ကုန် ခရီးစဉ်အား လိုက်ပါမည့် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူရန်အတွက် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sole Charterer Interconnection Travels သို့ဆက်သွယ်ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် အပြန်အလှန်ပေးထားသည့် ယခုနှစ် ခရီးသွား ရာသီတွင် နှစ်နိုင်ငံခရီးသွားများ ပိုမိုဝင်ရောက်နိုင်ပြီး ပြည် တွင်းခရီးသွားများအနေဖြင့်လည်း ပြည်ပခရီးစဉ်အဖြစ် ဗုဒ္ဓဂါယာ ခရီးစဉ်ကို အများဆုံးလည်ပတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ
Next post စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း