သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ

ကိုယ်ခံပညာအကျော်အမော်မင်းသားကြီး ဂျက်လီဟာ အကျော်ကြားဆုံးအက်ရှင်မင်းသားကြီးတွေထဲက တစ်ဦးပေမဲ့ သူ့ရဲ့သရုပ်ဆောင်ဘဝအစမှာ ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့လဲဆိုတာကိုတော့ လူအများမသိကြပါ ဘူး။ ၁၉၈၀ ပြည့်နှစ်က သူ့ရဲ့ပထမဆုံးဇာတ်ကား Shaolin Temple ကို သရုပ်ဆောင်တဲ့အချိန် တစ်နေ့ကို  ၁ ယွမ်ပဲ ရခဲ့တာပါ။ ဒီအကြောင်းကို အသက် ၆၀ ရှိပြီးဖြစ်တဲ့ ဂျက်လီက Looking for Jet Li:Beyond Life and Death ဆိုတဲ့ သူ့ရဲ့စာအုပ်အသစ်မှာ ထုတ်ပြောပြခဲ့တာပါ။

ရုပ်ရှင်လောကမှာ ရှင်သန်ဖို့ လက်တွေ၊ ခြေတွေကျိုးတဲ့အထိ လုပ်ခဲ့တဲ့အရာက ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ ဝင်တဲ့သူတွေနဲ့ ယှဉ်လို့မရခဲ့ဘူးလို့ သူက ဆိုပါတယ်။ အဲဒီအချိန်တုန်းက ဂျက်လီဟာ အသက် ၁၇ နှစ်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကိုယ်ခံပညာသမားတစ်ယောက်ပါ။ တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့ပေမဲ့ သူက မင်းသားဖြစ်လာဖို့အတွက် စိတ်အားထက်သန်နေခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာ ရုပ်ရှင်ရိုက်ပြီးသွားတော့ သူ့ကို ကိုယ်ခံပညာပြိုင်ပွဲတွေမှာ ပြန်ပြီးဝင်ပြိုင်စေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အားကစားသမားအဖြစ် ပြန်သွားမယ်ဆိုရင် သူ့ရဲ့သရုပ်ဆောင်အလုပ်က ရပ်တန့်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့စည်းမျဉ်းကြောင့် ပြိုင်ပွဲဝင်ပြိုင်ဖို့ ငြင်းလို့မရခဲ့ဘူး။ ပြိုင်ပွဲက နှုတ်ထွက်ဖို့ သူ လုပ်နိုင်တဲ့အရာက ဒဏ်ရာရအောင်လုပ်ဖို့ပဲ။ သူ ဒဏ်ရာရဖို့အတွက် နေ့ရောညပါ မျှော်လင့်မိနေတော့တယ်လို့ ဂျက်လီက ပြောပါတယ်။

နောက်ဆုံးမှာတော့ သူ မျှော်လင့်သလိုဖြစ်လာခဲ့ပါတယ်။ လေ့ကျင့်ရေးလုပ်စဉ်အတွင်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ သူ့ဆရာဝန်ကလည်း အားကစားသမားအဖြစ် လုပ်ဖို့မဖြစ်နိုင်ဘူး ဆိုတဲ့ စာထုတ်ပေးခဲ့ပါတယ်။ အဲဒီမှာ အားကစားသမားအဖြစ် အသက်မွေးဝမ်းကြောင်းမှုအဆုံးသတ်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ Shaolin Temple ထွက်ရှိတဲ့အျိန်မှာ ဂျက်လီကို လူသိများသွားခဲ့ပြီး သူ့လက်မှတ် တောင်းတဲ့သူတွေအပြင် အင်တာဗျူးဖြေကြားဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗိုလ်တထောင်စေတီတော်၌ (၃၉)ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်ပြိုင်ပွဲကျင်းပမည်
Next post အိန္ဒိယဗီဇာကင်းလွတ်ခွင့်ရှိသဖြင့် ရန်ကုန်-ဂါယာ – ရန်ကုန် စင်းလုံးငှား လေယာဉ်ခရီးစဉ်ကိုဧပြီလအထိ ပြေးဆွဲမည်