ဗိုလ်တထောင်စေတီတော်၌ (၃၉)ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်ပြိုင်ပွဲကျင်းပမည်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ (၃၉)ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ဗိုလ်တထောင်စေတီတော်၏ မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲအား နိုဝင်ဘာလ ၂၆ ရက်(တန်ဆောင်မုန်း လဆန်း ၁၄ ရက်) ညပိုင်းမှစတင်၍ ပြိုင်ပွဲဝင်အသင်းများက ယှဥ်ပြိုင်ရက်လုပ်သွားမည်ဖြစ်သည်။ ထို့နောက် ရရှိလာသည့် မသိုးရွှေကြာသင်္ကန်း များကို နိုဝင်ဘာလ ၂၇ ရက်(တန်ဆောင်မုန်းလပြည့်နေ့)နံနက်ပိုင်းတွင် ဗိုလ်တထောင်စေတီတော်ရှိ ဘုရားရုပ်ပွားတော်များ အား ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် ပထမဆု ၁၅ သိန်းကျပ်၊ ဒုတိယဆု ၁၀ သိန်းကျပ်၊ တတိယဆု ၈ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၄ သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆုငွေနှင့်အတူ ဆုတံဆိပ်များလည်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ရာ ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် လျှောက်လွှာများအား နိုဝင်ဘာလ ၁၆ ရက်၊ နေ့လည် ၃ နာရီမတိုင်မီအထိ ဗိုလ်တထောင် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “ အာရှတိုက်ကို ရောက်ရှိလာတော့မယ့် Taylor Swiftရဲ့ Eras Tour ”
Next post သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ