“ အာရှတိုက်ကို ရောက်ရှိလာတော့မယ့် Taylor Swiftရဲ့ Eras Tour ”

ကမ္ဘာ့အအခမ်းအနားဆုံး Tourတွေထဲက တစ်ခုလို့ဆိုနိုင်တဲ့ Taylor Swift ရဲ့ Eras Tour ကြီးဟာ အာရှတိုက်ကို နောက်နှစ်ထဲ မှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။ Taylor ဟာ ErasTour ရဲ့ ဒုတိယကြိမ်မြောက် ခရီးစဉ်ကို နောက်လစတင် မှာ ဖြစ်ပြီး အာရှတိုက်၊ လက်တင်အမေရိက၊ ဥရောပတိုက်နဲ့ သြစတေးလျတိုက်တို့မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Eras Tour အမေရိကခရီးစဉ် ကို မက္ကစီကိုနိုင်ငံမှာကျင်းပပြီးစီးခဲ့တာဖြစ်ပြီး ယခုလ (၉)ရက်နေ့မှစတင်ကာ လက်တင် အမေရိကခရီးစဉ်အဖြစ် အာဂျင်တီးနားနိုင်ငံမှာစတင်ပြီးဖျော်ဖြေသွားမှာဖြစ်ပါတယ်။

အာရှတိုက် Eras Tour ကိုတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ရက်၊ ၈ရက်၊၉ရက်၊ ၁၀ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ကျင်းပသွားမှာဖြစ်ပြီး နောက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာအြိမ်နီးချင်းနိုင်ငံ စင်္ကာပူနိုင်ငံ၊ စင်္ကာပူမြို့မှာတော့ မတ်လ ၂ရက်၊၃ရက်၊၄ရက်တွေမှာကျင်းပသွားမှာဖြစ်ပါတယ်။

Taylor Swift ရဲ့ Eras Tour ကြီးကို ၂၀၂၃ ခုနှစ်၊မတ်လ ၁၇ ရက်နေ့ ကနေစတင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် ထိကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်သူရဲ့လက်ထပ်ခွင့် Yes I do လို့အဖြေပေးလိုက်ပြီ ဖြစ်တဲ့ နန်းစန္ဒာလှထွန်း
Next post ဗိုလ်တထောင်စေတီတော်၌ (၃၉)ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်ပြိုင်ပွဲကျင်းပမည်