တိုင်းတပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေသည့် အတွက် ဘက်ပါင်းစုံမှကာကွယ်စောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ မှာကြား

ယနေ့ ခေတ်အချိန်ကာလတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအပေါ် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက် လာနေသည့်အတွက် ဘက်ပေါင်းစုံမှထိန်းသိမ်းကာကွယ်ကြရန် နစက ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ အောက်တိုဘာ (၃၁) ရက်တွင် နေပြည်တော်၌ကျင်းပသည့် (၂၄) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲတွင် ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောကြားရာတွင် လူငယ်များ အနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုများကို အလေးမထားလဲ တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အလေးထား မြတ်နိုးလာမည်ဆိုပါက အမျိုးသားရေးစိတ်ဓာတ် လျော့ပါးလာမည်ဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ယခု ၂၀၂၄ ခုနှစ်တွင် ပြုလုပ်သည့်(၂၄) ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အင်အား ၂၃၀၆ ဦး ယှဉ်ပြိုင်ခဲ့ပြီး ယခင်နှစ်ထက် (၄၆၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွက် ပြိုင်ပွဲဝင်အင်အား ပိုများလာ  သည်ကို တွေ့ရသည်။ ထို့အပြင် ယခုနှစ်တွင် ဆုရရှိသူအနေဖြင့်ရွှေတံဆိပ် ဆုရရှိသူ (၁၇၁) ဦး ၊ ငွေတံဆိပ် (၁၅၆) ဦး ၊ ကြေးတံဆိပ် (၁၅၆) ဦး နှင့် နှစ်သိမ့်ဆု အထူးဆုများပေးအပ် ချီးမြင့် ခဲ့ကြောင်း သိရသည်။

(၂၄) ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲတွင် တိုင်းနှင့် ပြည်နယ်အလိုက် ဆုရရှိမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၃) ဆု ၊ မန္တလေးတိုင်းမှ (၈၁) ဆု ၊ ဧရာဝတီတိုင်းမှ (၅၆)ဆု၊ ကရင်ပြည်နယ်မှ (၃၁) ဆု ၊ စစ်ကိုင်းတိုင်းမှ (၃၂) ဆု ၊ ပဲခူးတိုင်းမှ (၄၀) ဆု၊ မွန်ပြည်နယ်မှ (၃၂)ဆု ၊ ရခိုင်ပြည်နယ် (၁၇) ဆု၊ တနင်္သာရီတိုင်း(၁၉) ဆု ၊ ကချင်ပြ ည်နယ် (၁၉) ဆု ၊ ကယားပြည်နယ် (၁၆) ဆု ၊ ရှမ်းပြည်နယ် (၁၅) ဆု ၊ ချင်းပြည်နယ် (၁၄) ဆု နှင့် မကွေးတိုင်း ဒေသကြီးမှ (၁၆ )ဆု အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သမိုင်းဝင်ရှေးဟောင်းဦးပိန်တံတားယနေ့ပုံမှန်အတိုင်းသွားလာနိုင်
Next post အီလွန်မက်စ် Twitter ကို ဝယ်ပြီး တစ်နှစ်အကြာမှာ Twitter ရဲ့ တန်ကြေး ထက်ဝက်ကျော်ကျဆင်း