သမိုင်းဝင်ရှေးဟောင်းဦးပိန်တံတားယနေ့ပုံမှန်အတိုင်းသွားလာနိုင်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ တောင်သမန်ကျေးရွာနှင့် အမရပူရမြို့ ဆက်သွယ်ထားသော သမိုင်းဝင်ဦးပိန်တံတား သည် အောက်တိုဘာ၂၉ ရက်နေ့က လူစည်ကားလွန်းသဖြင့် တိုင်အမှတ် ၃၉၉ နှင့် ၃၄၀တို့ကျိုးကျမှုဖြစ်ပွားခဲ့ရာ တံတားအမြန်ပြုပြင်နိုင်ရေးကို ရှေးဟောင်း သုတေသနဦးစီးဌာနက ကြိုးစားဆောင်ရွက်ခဲ့ရာ ယနေ့နေ့ပိုင်း ၁၁ နာရီခွဲ အချိန်တွင် ပုံမှန် အတိုင်းသွားလာနိုင်ကြောင်း သိရသည်။

အဆိုပါတံတားကျိုးကျမှုကို အမရပူရရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုညွှန်မှူး ဦးဆန်းထွန်းအောင်ဦးစီး၍ အလုပ်သမား(၁၅)ဦးဖြင့် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများနှင့် တောင်သမန် ငှက်လှေ အသင်းဥက္ကဋ္ဌနှင့် အသင်းသားများမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post El Salvador နိုင်ငံသို့ စတင် ထွက်ခွာသွားပြီဖြစ်တဲ့ Miss Universe Myanmar 2023 အလှမယ် အမရာဗိုလ်
Next post တိုင်းတပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေသည့် အတွက် ဘက်ပါင်းစုံမှကာကွယ်စောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ မှာကြား