အီလွန်မက်စ် Twitter ကို ဝယ်ပြီး တစ်နှစ်အကြာမှာ Twitter ရဲ့ တန်ကြေး ထက်ဝက်ကျော်ကျဆင်း

မနှစ်က ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး အီလွန်မက်စ် က လူမှုကွန်ရက် Twitter ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီး တစ်နှစ်ကျော်အကြာမှာတော့ သူပေးဆောင်ခဲ့တဲ့ တန်ဖိုးရဲ့ ထက်ဝက်လောက်ပဲ တန်ဖိုးရှိတော့တယ်လို့ အီလွန်မက်စ်က အတည်ပြုခဲ့ပါတယ်။

Fortune ရဲ့ဖော်ပြချက်အရ အီလွန်မက်စ်က ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ရှယ်ယာတစ်ခုကို ၄၅ ဒေါ်လာ ဒါမှမဟုတ် ကုမ္ပဏီရဲ့ တန်ကြေးအနေနဲ့ ဒေါ်လာ ၁၉ ဘီလျံရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲ့ဒီပမာဏဟာ အီလွန်မက်စ် မနှစ်က Twitter ကို ဝယ်ယူခဲ့တဲ့ တန်ဖိုးထက် ၅၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တဲ့ ပမာဏပဲ ဖြစ်ပါတယ်။

အီလွန်မက်စ်က Twiiter ကို ပြီးခဲ့တဲ့နှစ် ဧပြီလက ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီချက်ရယူခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာတော့ အပြီးပြတ် ဝယ်ယူနိုင်ခဲ့တာဖြစ်ပြီး ရေပန်းအစားဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Twitter မှာ အပြောင်းအလဲများစွာကို ဖြစ်စေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တိုင်းတပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေသည့် အတွက် ဘက်ပါင်းစုံမှကာကွယ်စောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ မှာကြား
Next post အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ကလေးငယ် ၄၂၀ ခန့် နေ့စဉ် ‌သေဆုံး/ဒဏ်ရာရနေဟု ကုလဆို