အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ကလေးငယ် ၄၂၀ ခန့် နေ့စဉ် ‌သေဆုံး/ဒဏ်ရာရနေဟု ကုလဆို

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ဒေသတွင် နေ့စဉ် ပျမ်းမျှအားဖြင့် ကလေး ၄၂၀ ခန့် ‌‌သေဆုံး သို့မဟုတ် ဒဏ်ရာရရှိနေကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့(UNICEF) မှ ပြောကြားသည်။

“အောက်တိုဘာ ၇ ရက်ကတည်းကစပြီး ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်း ကလေးငယ် ပျမ်းမျှ ၄၂၀ နေ့စဉ် ‌သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်” ဟု UNICEF ကဆိုသည်။

“ကိန်းဂဏန်းတွေက ကြောက်စရာကောင်းတယ်”ဟုလည်း UNICEF ပြောရေးဆိုခွင့်ရှိသူကပြောကြောင်း သိရသည်။

“ကလေးငယ် ၃၄၅၀ ကျော် ‌သေဆုံးခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်၊ ဒီကိန်းဂဏန်းဟာ နေ့တိုင်း သိသိသာသာ တိုးနေ တယ်။ “ဂါဇာဟာ ထောင်ပေါင်းများစွာသော ကလေးများအတွက် သင်္ချိုင်းတစ်ခုလိုဖြစ်လာနေတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ထိခိုက်‌သေဆုံးမှု ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ပါလက်စတိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆိုင်ရာ အေဂျင်စီ၏ မဟာမင်းကြီး Philippe Lazzarini က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အီလွန်မက်စ် Twitter ကို ဝယ်ပြီး တစ်နှစ်အကြာမှာ Twitter ရဲ့ တန်ကြေး ထက်ဝက်ကျော်ကျဆင်း
Next post မိုင်လေဆိုင်းရပ်စ်ရဲ့သမိုင်းဝင် ကမ္ဘာလုံးဆိုင်ရာ စပေါ့တီဖိုင်း စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook