မိုင်လေဆိုင်းရပ်စ်ရဲ့သမိုင်းဝင် ကမ္ဘာလုံးဆိုင်ရာ စပေါ့တီဖိုင်း စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook

နာမည်ကျော် တောင်ကိုရီးယားအမျိုးသားအဆိုရှင်အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jungkook ရဲ့ ပထမဆုံး တစ်ကိုယ်တော်တေးသီချင်းဖြစ်တဲ့ “Seven” ဟာ စပေါ့တီဖိုင်း(Spotify) မှာ နားထောင်မှု(Stream လုပ်မှု)ပေါင်း တစ်ဘီလျံ အမြန်ဆုံးပြည့်တဲ့ သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ စပေါ့တီဖိုင်း ပလက်ဖောင်းက အောက်တိုဘာ ၃၁ ရက်နေ့မှာ အတည်ပြုခဲ့ပြီး Jungkook ဟာ အဆိုတော် မိုင်လေဆိုင်းရပ်စ်ရဲ့ ကမ္ဘာလုံးဆိုင်ရာစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရက်ပါမလေး Latto တွဲဖက်သီဆိုထားပေးတဲ့ Jungkook ရဲ့ “Seven” သီချင်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ပလက်ဖောင်းအမျိုးမျိုးကနေ စတင် ဖြန့်ချိခဲ့ပြီး စပေါ့တီဖိုင်းမှာ နားဆင်မှုပေါင်း ၁ ဘီလျံဖြစ်ဖို့ ၁၀၈ ရက်သာ အချိန်ယူခဲ့ရတာဖြစ်လို့ ၁၁၂ ရက်နဲ့ စံချိန်တင်ထားခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်ရဲ့ “Flower” သီချင်းစံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် Jungkook ဟာ စပေါ့တီဖိုင်းမှာ အလျင်မြန်ဆုံး Streams တစ်ဘီလျံအထိ ရောက်ရှိခဲ့တဲ့ ကေပေါ့ပ် သီချင်းတွေဖြစ်တဲ့ သူတို့အဖွဲ့ရဲ့ “Dynamite” နဲ့ “Butter” တို့လိုသီချင်းတွေရဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

မြူးကြွတဲ့ သံစဉ်တေးသွားလေးတွေနဲ့အတူ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Jungkook ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် “Seven” သီချင်းဟာ US Hot 100၊ Global 200 နဲ့ Global Excl တို့မှာ နံပါတ်တစ်နဲ့ ပွဲဦးထွက်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

BTS’s Jung Kook Breaks His Historic Tie With Miley Cyrus (forbes.com)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ကလေးငယ် ၄၂၀ ခန့် နေ့စဉ် ‌သေဆုံး/ဒဏ်ရာရနေဟု ကုလဆို
Next post Crazy Horse Paris မှာ ဖျော်ဖြေခဲ့လို့ တရုတ်လူမှုကွန်ရက် Weibo က ဖယ်ရှားခံလိုက်ရတဲ့ Blackpink အဖွဲ့ဝင် လီဆာ