ဘင်္ဂလားဒေ့ရှ်၌ မြစ်ကူးရထားလမ်းသစ် ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပက်ဒ်မာမြစ်ကို ဖြတ်ကျော်ပြေးဆွဲတဲ့ မီးရထားလမ်းတံတား ပထမအဆင့် ဖွင့်ပွဲကို အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့ပါတယ်။

ဒါကာမြို့တော်ရဲ့ ဆင်ခြေဖုံးကနေ ထွက်ခွာပြီး ဘန်ဂါမြို့ကို ကီလို မီတာ ၈၀ ခရီးနှင်မယ့် ရထားကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဧည့်သည်တော်တွေ တက်ရောက်စီး နင်းခဲ့ပါတယ်။ ပက်ဒ်မာမြစ်ကို ရထားနဲ့ဖြတ်ကျော်ဖို့ အိပ်မက်က အကောင်အထည်ပေါ်လာပြီး ဒီရထားလမ်းကို အာရှဖြတ်ကျော်ရထားလမ်းနဲ့ ချိတ်ဆက်ဖို့ ရည်မှန်ထားတယ်လို့ ရှိတ်ဟာဆီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်းဒေသက ဂျာရှိုးကို ဦးတည်မယ့် ၁၇၂ ကီလိုမီတာအထိ ရှည်လျားတဲ့ စီမံကိန်း တစ်ခုလုံးက ၂၀၂၄ ခုနှစ်မှာ ပြီးစီးမှာပါ။ ပက်ဒ်မာရထားလမ်းစီမံကိန်းဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းမ (BRI) အစီ အစဉ်ထဲက တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ပို့ကုန်-သွင်းကုန်ဘဏ်က ရန်ပုံငွေကို သုံးကာ တရုတ်ရထားလမ်းကုမ္ပဏီ အုပ်စုက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီရထားလမ်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ခရိုင် ၂၀ ကျော်ကို ဒါကာနဲ့ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ဆက်သွယ်မှုနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ဖို့အတွက် အာရှဖြတ်ကျော်ရထားလမ်းကွန်ရက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းက မကာအိုကို ဂိုးပြတ်အနိုင်ရ
Next post ကမ္ဘာ့ရေသံသရာလည်ပုံ ဟန်ချက်မညီဖြစ်လာ