ကမ္ဘာ့ရေသံသရာလည်ပုံ ဟန်ချက်မညီဖြစ်လာ

ရာသီဥတုဖောက်ပြန်မှုကြောင့် ဇလဗေဒလည်ပတ်ပုံ ပြောင်းလဲနေတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ စောင့်ကြည့် လေ့လာရေးဆီကို အခြေခံကျကျ မူဝါဒပြောင်းလဲဖို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO က တောင်းဆိုလိုက်ပါတယ်။

ရာသီဥတု ပြောင်းလဲခြင်းရဲ့ သက်ရောက်မှု အများအပြားဟာ ရေကနေတစ်ဆင့် ခံစားရတဲ့ ရေကြီးတာ၊ မိုးခေါင် တာနဲ့ ရေခဲမြစ်တွေ အရည်ပျော်တာတွေကြောင့် ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ရေအရင်း အမြစ် အစီရင်ခံစာမှာ WMO က တင်ပြထားပါတယ်။

ကမ္ဘာ့ရေထွက်ဧရိယာရဲ့ ရာခိုင်နှုန်း ၅၀ ကျော်မှာ မြစ်ရေစီးဆင်းမှုအခြေအနေ ပြောင်းလဲသွားတာ ကြုံတွေ့နေရ ပြီး အများစုဟာ ပုံမှန်ထက် ပိုမိုခြောက်သွေ့နေတာကို တရုတ်နိုင်ငံရဲ့ ယန်ဇီမြစ်ကို နမူနာပြပြီး အစီရင်ခံထား ပါတယ်။

တခြားတစ်ဖက်မှာတော့ ပြီးခဲ့တဲ့နှစ်က လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့တဲ့ ပါကစ္စတန်က ရေကြီးမှုတွေကို ဖော်ပြခဲ့ပါတယ်။ 

ရေနဲ့ပတ်သက်တဲ့ အစီရင်ခံစာဟာ WMO က ပြုလုပ်တဲ့ ဒုတိယမြောက် ခွဲခြမ်းစိတ်ဖြာမှုသာဖြစ်ပြီး မြစ်ရေစီးဆင်းမှု၊ မြေအောက်ရေ အခြေအနေ၊ အငွေ့ပျံမှု၊ မြေဆီလွှာအစိုဓာတ်နဲ့ ရေလှောင်ကန်တွေ စီးဆင်းမှု အပါအဝင် မြစ်ဝှမ်းကြီးတွေက အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘင်္ဂလားဒေ့ရှ်၌ မြစ်ကူးရထားလမ်းသစ် ဖွင့်လှစ်
Next post ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပမယ်လို့ ပြန်ကြားရေး၀န်ကြီး ပြောကြား