
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ဖွင့်ပွဲအခမ်းနားကို နစက ဥက္ကဋ္ဌ ကိုယ်တိုင်ဖွင့်လှစ်ပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ဖွင့်ပွဲအခမ်းအနားကို အကယ်ဒမီကြယ်စင်ရုပ်ကို ကိုယ်တိုင်စိုက်ထူပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
ယခင်နှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ဖွင့်ပွဲအခမ်းအနားကို နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသာ တက်ရောက်ခဲ့တာဖြစ်ပေမဲ့လည်း ဒီနေ့မှာ နေပြည်တော်ရှိ MICC-1 ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီပေးပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
More Stories
ငလျင်ဒဏ် ထိခဲ့သည့်ကျောက်ဆည်မြို့၌ ပြန်လည် ထူထောင်ရေးများလုပ်နေ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ နစကဥက္ကဋ္ဌ သည် ငလျင်ဒဏ်သင့်ခဲ့သည့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး၊...
အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်
အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။ ဆေးဝါးအကူအညီများ...
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲမတိုင်မီ ဖောင်တော်ဦးဘုရားပြုပြင်ရေးများ ပြီးအောင်လုပ်မည်
မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား၏ ပြုပြင်ရေးလုပ်ငန်းများအား နှစ်စဥ်ကျင်းပနေကြဖြစ်သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဒေသ စာရီကြွချီပူဇော်ခံပွဲမတိုင်မီပြီးစီးအောင်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ဧပြီ ၁၁ ရက်က နစက ဥက္ကဋ္ဌသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားမှ သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရမှုများကိုကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။ပင်မစံ...
တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားအား ဧပြီ ၁၁ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ ပထမမိုင်းသောက်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ...
ငလျင်ဒဏ်သင့် ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌရောက်ရှိ
မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည််နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၀ ရက်ကသွားရောက်၍ ပျက်စီးခဲ့ရသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဟိုပုံးမြို့ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ဖူးမြော် ကြည်ညိုပြီးနောက် ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခိုကျောင်းဆရာတော်ကိုလည်း ဖူးမြော်ကြည်ညိုခဲ့သည်။...
အမေရိကန်မှ ရွေ့လျားဆေးရုံ နေပြည်တော်တွင်ဖွင့်၊ မကြာမီ အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်မည်
နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြိုနယ်အားကစားကွင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse Internation Relief Organization ၏ရွေ့လျားဆေးရုံကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၉ ရက်...